နေပြည်တော်၊ အောက်တိုဘာ ၃
အမျိုးသားရေးဦးဆောင် ဆရာတော် ဦးပါမောက္ခ က နေပြည်တော်၊ သစ်ဆိမ့်ပင်ရွာထိပ်တွင် ဗလီ ၂လုံး ဆောက်လုပ်ခြင်းအား ပဝါရဏာပြုပွဲများတွင် သံဃာတော်များ တစ်စုတစ်စည်းတည်း ကန့်ကွက်လက်မှတ်ရေးထိုးပေးရန် မိန့်ကြားပါသည်။
ဆရာတော် ဦးပါမောက္ခက "ပါဝရဏာပြုပွဲတွေက ရက်ပိုင်းပဲ လိုပါတော့တယ်။ ဘုန်းကြီးကတော့ နေပြည်တော်အမျိုးသားရေးအဖွဲ့ က ဦးပညာ၊ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) အစရှိတဲ့ သံဃာတော်များ ဆောင်ရွက်နေတဲ့ ကိစ္စအတွက် ကန့်ကွက်လက်မှတ်များ ရေးထိုးပြီး နိုင်ငံတော်အကြီးအကဲများထံ တင်ပြနိုင်ဖို့ စီစဉ်လုပ်ဆောင်ထားပါတယ်။ အဲဒါကတော့ သံဃာတော်တွေကို တစ်ကျောင်းချင်း လိုက်ပြီး လက်မှတ်ရေးထိုးဖို့ ဆိုရင် ကြန့်ကြာနေလိမ့်မယ်။ ပဝါရဏာပြုပွဲမှာ ဗလီ (၂)လုံး ဆောက်လုပ်ခွင့်ပြုတဲ့ ကိစ္စ ကန့်ကွက်လက်မှတ်ရေးထိုးလိုက ရေးထိုင်းနိုင်အောင် စီစဉ်ပေးထားမယ်။ ဒီကိစ္စအပေါ်မှာ ကန့်ကွက်လိုတဲ့ သံဃာတော်များ လက်မှတ်ရေးထိုးပေးကြဖို့ စီစဉ်ဆောင်ရွက်သွားပါမယ်။" ဟု မိန့်ကြားသည်။
ဆရာတော် က "ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ကို အမေရိကန်က အနူမြူဗုံးကျဲခဲ့တဲ့ လုပ်ရပ်ဟာ အင်မတန် ပြင်းထန်ပါတယ်။ ထိခိုက်သေဆုံးမှုတွေလည်း များပါတယ်။ ဗလီ ၂လုံး ဆောက်လုပ်ခွင့်ပြုတာက အဲဒီထက် ပိုဆိုးပါတယ်" ဟု မိန့်ကြားသည်။
နေပြည်တော်အမျိုးသားရေးအဖွဲ့မှ သံဃာတော်များ က ကန့်ကွက်စာတင်ပြထားမှု၊ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်)မှ မြေယာချထားပေးခြင်းကို ပြန်လည်ရုပ်သိမ်းပေးရန် တင်ပြထားသည့် အခြေအနေနှင့် ပတ်သက်၍ ဆရာတော် ၏ အမြင်အား မေးမြန်းရာ "သံဃာအားကို ဘုရားမလွန်ဆန်သာဘူး။ ဒီကိစ္စမှာလည်း သံဃာတော်များရဲ့ မေတ္တာရပ်ခံချက်တွေကို အလေးထားပြီး ဒီကိစ္စကို ရပ်တန့်ပေးလိမ့်မယ်လို့ အကြွင်းမဲ့ ယုံကြည်ပါတယ်။" ဟု မိန့်ကြားသည်။
နေပြည်တော် အမျိုးသားရေးအဖွဲ့မှ ဦးဆောင်ဆရာတော် ဦးသုမန က အစ္စလာမ်ဘာသာဝင်များအတွက် မြေနေရာချထားပေးသည့် နေရာအား သွားရောက်ကြည့်ရှုပြီး လုပ်ငန်းများ အင်တိုက်အားတိုက် ဆောင်ရွက်နေမှု အခြေအနေကို တွေ့မြင်ရသည့်အပေါ် "တာဝန်ရှိသူများ အနေဖြင့် လက်တလော ပြဿနာပေါ်ပေါက်လျက်ရှိသည့် အခြေအနေတွင် လုပ်ငန်းများ ဆောင်ရွက်နေမှုကို ဆိုင်းငံ့ပေးထားရန်နှင့် တင်ပြထားမှုများအပေါ် ပြန်လည်သုံးသပ်ပေးရန်" တောင်းဆိုထားသည်။
အဆိုပါ မြေနေရာသည် နိုင်ငံတော်စီမံကိန်းအတွက် သိမ်းဆည်းခဲ့ပြီး ဆယ်နှစ်ကျော်ကြာသည်အထိ စီမံကိန်း ဖော်ဆောင်ခြင်း မရှိသောကြောင့် ရွာသားများက ပြန်လည်စိုက်ပျိုးလုပ်ကိုင်ခွင့်ပြုရန် တောင်းခံခဲ့ရာ နေပြည်တော်စည်ပင်မှ ခွင့်ပြုပေးခဲ့ခြင်းမရှိကြောင်း အဆိုပါ နေရာတွင် ဆရာတော်များ မှတ်တမ်းရယူနေစဉ် သစ်ဆိမ့်ပင်ရွာသားများက လာရောက် လျှောက်ထားတင်ပြကြသည်။
https://t.me/MyanmarNationalPost


No comments:
Post a Comment