အောက်တိုဘာ - ၁၂ ( တနင်္ဂနွေနေ့ )
မနေ့က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် တရုတ်သွင်းကုန်များအပေါ် ၁၀၀% အခွန်ကောက်ခံရန် အမိန့်ထုတ်လိုက်တဲ့ အတွက် ကမ္ဘာတစ်ဝှန်းရှိ ခရစ်တိုငွေကြေး ဈေးကွက်တစ်ခုလုံး ကမောက်ကမတွေ ဖြစ်ကုန်ပြီး ဒီနှစ်အတွင်းမှာ အကြီးမားဆုံး ဆုံးရှုံးမှုတွေ ဖြစ်လာခဲ့ပါတယ်။
ယူကရိန်းမှာ ကော်စတီယာကူဒိုလို့ လူသိများတဲ့ ခရစ်ပတိုငွေကြေး ရောင်းဝယ်သူနဲ့ ဘလော့ဂါ တစ်ယောက်ဖြစ်တဲ့ ကွန်စတန်တင်ဂါနစ်သည် သေနတ်ဒဏ်ရာဖြင့် သေဆုံးနေတယ်လို့ ကိယက်ဗ် အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။ ရဲတွေကတော့သေကြောင်းကြံစည်တယ်လို့ ကောက်ချက်ချထားပေမဲ့ မီဒီယာတွေရဲ့ ဖော်ပြချက်နဲ့ ကွဲလွဲနေတယ် လို့ သိရပါတယ်။
စနေနေ့အစောပိုင်းတွင် ကီယက်ဗ်ရဲတပ်ဖွဲ့သည် ဂါနစ်ရဲ့အမည်ဖြင့် မှတ်ပုံတင်ထားသော သေနတ်တစ်လက်ကို ကားတစ်စီးအတွင်း လူသေအလောင်းတစ်လောင်းနဲ့အတူ တွေ့ရှိခဲ့ကြောင်း ယူကရိန်းမီဒီယာအများအပြားက ဖော်ပြခဲ့ပါတယ်။ သေဆုံးသူသည် ခရစ်ပတိုငွေကြေး နဲ့ ချိတ်ဆက်ထားသော "စီးပွားရေးလုပ်ငန်းရှင်နှင့် ဘလော့ဂါတစ်ဦးဖြစ်တယ်" လို့ အာဏာပိုင်များက ထုတ်ဖော်ပြောဆိုခဲ့ပေမဲ့ နောက်ပိုင်းမှာ ဘယ်သူဘယ်ဝါဆိုတာကို လူသိရှင်ကြား ဖော်ထုတ်ခြင်းမလုပ်တော့ပါဘူး။
တာဝန်ရှိသူများအဆိုအရ ၎င်းသည် မိမိကိုယ်ကို သတ်သေသူဟု သံသယရှိကာ “မသေဆုံးမီ ငွေကြေးအခက်အခဲကြောင့် စိတ်ဓာတ်နေသည့်အကြောင်းကို ၎င်း၏ ဆွေမျိုးများအား ပြောပြခဲ့ပြီး ၎င်းတို့အား နှုတ်ဆက်စာတစ်စောင် ပေးပို့ခဲ့တယ်” လို့ မီဒီယာက ဆိုပါတယ်။ အဲ့ဒိနေ့ ညနေပိုင်းကျမှ သူ့ရဲ့ တယ်လီဂရမ်ချန်နယ်မှာ ဝမ်းနည်းစရာကောင်းစွာသေဆုံးသွားသည် ဆိုတဲ့အကြောင်း တက်လာပါတယ်။
ယူနီယံ သတင်းဌာန အဆိုအရ၊ နောက်ဆုံးပေါ် crypto-ဈေးကွက်ပျက်ကျမှုကြားတွင်၊ ဂါနစ်က သူစီမံခန့်ခွဲနေသော ရင်းနှီးမြှုပ်နှံမှုများနှင့် သူရဲ့ကိုယ်ပိုင် ပိုင်ဆိုင်မှုများ ဒေါ်လာသန်း ၃၀ အထိဆုံးရှုံးခဲ့ပါတယ်။ သူ့ရဲ့ဖောက်သည်များကြားတွင် ယူကရိန်းအရာရှိများနှင့် “သြဇာရှိသူ” များလည်း ပါဝင်နေပါတယ်။ ဂါနစ်က ယူကရိန်းထောက်လှမ်းရေး၏ ပင်မညွှန်ကြားရေးမှူးရုံးနဲ့လည်း ပါဝင်ပတ်သက်ကြောင်း မီဒီယာများက ဖော်ပြခဲ့ပါတယ်။ ဂါနစ်ရဲ့ အမှုက ရှုတ်ထွေးနေဆဲ ဖြစ်နေပါတယ်။ သတ်သေခြင်းလား၊ အသတ်ခံရခြင်းလာဆိုတာနဲ့ ပတ်သက်ပြီး ဘယ်သူမှ ရှင်းရှင်းလင်း ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment