မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကာလ ဘုရားပရဝဏ်အတွင်း အ‌ဆောက်အအုံများနှင့် ဈေးဆိုင်ခန်းများအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးသတ်ဆေးဘူးများ ပေးအပ်လှုဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးမြို့ မြသလွန်စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်ကာလ ဘုရားပရဝဏ်အတွင်း အ‌ဆောက်အအုံများနှင့် ဈေးဆိုင်ခန်းများအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးသတ်ဆေးဘူးများ ပေးအပ်လှုဒါန်း



မကွေး  ၊အောက်တိုဘာ ၁၂


မကွေးမြို့၊ မြသလွန်စေတီတော်မြတ်ကြီး၏ (၂၅၈၉)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကြီးအား အောက်တိုဘာ(၁)ရက်မှ (၂၀)ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ဘုရားပွဲတော်ကျင်းပနေစဉ် ကာလအတွင်း မီးလောင်မှု/မီးလန့်မှုများမဖြစ်ပွားစေရေး အတွက်ဘုရား ပရဝဏ်အတွင်း အဆောက်အအုံများနှင့် ဈေးဆိုင်းခန်းများအား မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးသတ်ဆေးဘူးများ ပေးအပ်လှုဒါန်းခြင်းကို အောက်တိုဘာ (၈) ရက်နေ့ မွန်းလွဲပိုင်း ၄ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


အဆိုပါ မီးဘေးလုံခြုံရေးစစ်ဆေးခြင်းနှင့် မီးသတ်ဆေးဘူးများ ပေးအပ်လှုဒါန်းရာတွင် မကွေးမြို့နယ် မီးသတ်ဦးစီးမှူး ဦးစိုးသူ ဦးဆောင်၍ ဘုရားဂေါပကအဖွဲ့ တာဝန်ရှိသူများနှင့် သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မြသလွန်ဘုရားပရဝဏ်အတွင်းရှိ သာသနိက အဆောက်အအုံများနှင့် ဈေးဆိုင်ခန်းများအား မီးဘေးလုံခြုံရေးအတွက် တပ်ဆင်ထားရှိသော မီးသတ်စက်များနှင့် မီးသတ်ဆေးဘူးများ အဆင်သင့် ဖြစ်/မဖြစ် စစ်ဆေးခြင်း၊ လျှပ်စစ်မီးအသုံးပြုမှုများ စစ်ဆေးခြင်း၊ ရေရရှိရေးတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ပြီး မကွေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ (3-kg)မီးသတ်ဆေးဘူး(၁၀)ဘူးကို မြသလွန်ဘုရားဂေါပကအဖွဲ့ တာဝန်ရှိသူများအား ပေးအပ်လှူဒါန်းခဲ့ပြီး ဘုရားလုံခြုံရေးဝန်ထမ်းများကို မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြုနည်းများအား လက်တွေ့သရုပ်ပြသခဲ့ကြပြီး မြသလွန်ဘုရားပွဲတော်အတွင်း ရောင်းချလျက်ရှိသော ဈေးဆိုင်ခန်းများအား မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက မီးဘေးလုံခြုံရေးစစ်ဆေးခြင်း လုပ်ငန်းများကို နေ့စဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


မောင်ခိုင်မင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)