၂၀၂၅ အောက်တိုဘာလ ၉ ရက်နေ့ အာဆီယံခေါင်းကြီးပိုင်း သတင်းများ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၅ အောက်တိုဘာလ ၉ ရက်နေ့ အာဆီယံခေါင်းကြီးပိုင်း သတင်းများ


အင်ဒိုနီးရှားလူငယ်များအတွက် အလုပ်အကိုင်များဖန်တီးရန် ရုန်းကန်နေဆဲ

အင်ဒိုနီးရှား၏ လုပ်သားအင်အားသည် လာမည့်ဆယ်စုနှစ်အတွင်း အားကောင်းလာမယ်လို့ ခန့်မှန်းထား ပေမဲ့ ကမ္ဘာ့ဘဏ်နှင့် မော်ဂန်စတန်လေ  တို့မှ သုတေသနအသစ်အရ အင်ဒိုနီးရှားနိုင်ငံက လူငယ်များအတွက် အလုပ်အကိုင်များဖန်တီးပေးရန် ရုန်းကန်နေရကြောင်း တွေ့ရှိရပြီး ပြည်တွင်းအသားတင်ထုတ်လုပ်မှု တိုးတက်ရေး အတွက် ရေတိုတွန်းအားပေးမှုသည် များစွာအထောက်အကူဖြစ်မှာ မဟုတ်ဘူးလို့ ဆိုထားပါတယ်။ ( ဂျကာတာပို့စ် )


ကော်ဖီ နဲ့ လက်ဖက် ကို အဓိက ပို့ကုန်အဖြစ်လုပ်နိုင်ပြီ 

လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တွင် ကျင်းပသည့် ၂၀၂၅ နိုင်ငံတကာ ကော်ဖီနှင့် လက်ဖက်ရည်နေ့  အခမ်းအနားသို့ လူပေါင်း ၆၄၀၀ ခန့် တက်ရောက်ခဲ့ပြီး ကုန်စည်နှစ်မျိုးစလုံးသည် နိုင်ငံ၏ အဓိကပို့ကုန်များဖြစ်လာပြီလို့ ဆိုပါတယ်။ လာအို အိမ်ထောင်စု ၂သောင်းခွဲ ကျော်သည် ကော်ဖီ နဲ့လက်ဖက်ကို စိုက်ပျိုးကြပြီး တစ်နိုင်ငံလုံးရှိ မိသားစု ၃သိန်းကျော်အတွက် စီးပွားရေး အသက်သွေးကြောဖြစ်လာတယ်လို့ ဆိုပါတယ်။ ( ဗီယန်ကျင်းတိုင်းမ် ) 


ပါပူဝါနယူးဂီနီမှာ ငလျင်လှုပ် ဖိလစ်ပိုင်သားတွေအတွက် ဘေးကင်း 

အောက်တိုဘာ ၇ ရက်က ပါပူဝါနယူးဂီနီတွင် ပြင်းအား ၆ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် ဖိလစ်ပိုင်နိုင်ငံရဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်ပြီးနောက် ဖိလစ်ပိုင်နိုင်ငံခြားရေးဌာန (DFA) က မနေ့က ထုတ်ပြန်ချက်တွင် ဖိလစ်ပိုင်နိုင်ငံ လာမြို့နှင့် အနီးတစ်ဝိုက်ရှိ ဖိလစ်ပိုင်အသိုက်အဝန်းသည် ငလျင်ဘေးမှ ဘေးကင်းတယ်လို့ ဆိုပါတယ်။ (ဖိလစ်ပိုင်သတင်းအေဂျင်စီ)


ဆရာ/ ဆရာမ တွေကို ပံ့ပိုးမှုကောင်းစွာပေးဖို့လိုတယ်လို့ ပညာရေးဝန်ကြီး ဆို

စင်ကာပူက ဆရာ၊ ဆရာမများကို ပိုမိုကောင်းမွန်စွာ ပံ့ပိုးကူညီနိုင်ရန်အတွက် ပညာရေးဝန်ကြီးဌာန (MOE) နဲ့ ကျောင်းခေါင်းဆောင်များက ဆရာတွေရဲ့ လုပ်ငန်းတာဝန်များကို စီမံခန့်ခွဲပေးရန် နဲ့ ကျွမ်းကျင်မှုတွေကို ပိုမိုတိုးတက် ကြီးထွားလာစေရန် ကူညီပေးလို့ရနိုင်မယ့် နည်းလမ်းများကို ရှာဖွေရမှာဖြစ်ကြောင်း ပညာရေးဝန်ကြီး ဒက်စ်မွန်လီက ပြောကြားခဲ့ပါတယ်။ ( စထရိတ်တိုင်းမ်)


ဆေးခြောက်ဥပဒေအား ပြန်လည်သုံးသပ်ရန် ဝန်ကြီးဌာနက ကတိပြု 

ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာန (MOPH) က ဆေးခြောက်ထုတ်လုပ်မှု လုပ်ငန်းနဲ့ ပတ်သက်ပြီး ပြဿနာပေါင်းများစွာ ရင်ဆိုင်နေရတာဖြစ်လို့ ပြဌန်းပြီးသားဖြစ်တဲ့ ဆေးခြောက်ဥပဒေကို ပြန်လည်အသက်သွင်းရန် နဲ့ အစိုးရကို အလျင်အမြန်လုပ်ဆောင်ရန် တိုက်တွန်းထားတဲ့ "Writing Thailand's Cannabis Future" အစီရင်ခံစာကို ရေးတင်ခဲ့ပါတယ်။ တင်းကျပ်သော ဆေးခြောက်စည်းမျဉ်းများကို ပြန်လည်သုံးသပ်ရန်လည်း ကတိပြုခဲ့ပါတယ်။ ( ဘန်ကောက်ပို့စ် ) 


ဗီယက်နမ် ငရုတ်ကောင်းတင်ပို့မှု စံချိန်တင်သွားပြီ 

ဗီယက်နမ်နိုင်ငံရဲ့ ငရုတ်ကောင်း တင်ပို့မှုမှရရှိတဲ့ ဝင်ငွေက ၂၀၂၅ ခုနှစ် ပထမ ကိုးလအတွင်း အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံ ကျော်လွန်ခဲ့ပါတယ်။ ရင်းနှီးမြှုပ်နှံမှု နဲ့ ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်တွင် ဗီယက်နမ် ငရုတ်ကောင်း ဈေးက ပြန်လည်ကောင်းမွန်လာမှုကို ညွှန်ပြနေပါတယ်။ ဗီယက်နမ် ငရုတ်ကောင်းတွေကို အမေရိကန်နိုင်ငံက ထိပ်တန်ဝယ်ယူနေဆဲဖြစ်ပါတယ်။ (ဗီယက်နမ် ပလက်စ်)


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)