ဟင်္သာတမြို့တွင် ဆေးဝါးဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟင်္သာတမြို့တွင် ဆေးဝါးဆိုင်ရာအသိပညာပေး ဟောပြောပွဲကျင်းပ





ဟင်္သာတ၊ အောက်တိုဘာ  ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် အောက်တိုဘာလ  ၉ ရက်နေ့၊ နေ့လယ်ပိုင်းက ဆေးဝါးဆိုင်ရာအသိပညာပေးဟောပြောပွဲကို ဟင်္သာတခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)က ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပူးပေါင်းကျင်းပခဲ့သည်။ 

ရှေးဦးစွာ ဟင်္သာတမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ  ဥက္ကဌ ဦးအောင်ဇော်မင်းက အဖွင့်အမှာစကားပြောကြားပြီး၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာနေခြည်ထက်ထက်လင်းအောင်က မိတ်ဆက်စကားပြောကြားသည်။ ဆက်လက်၍ ခရိုင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်မင်းသူက ဌာန၏ လုပ်ငန်းတာဝန်များနှင့် တားမြစ်ထားသည့် အစားအသောက်နှင့်ဆေးဝါးများအကြောင်း၊ လုပ်ငန်းလိုင်စင်များအကြောင်းကို အသိပညာပေးဟောပြောပြီး၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးကျော်က ကုန်ညွှန်းအမှတ်တံဆိပ်များ၊ ကျန်းမာရေးဆိုင်ရာဘေးထွက်ဆိုးကျိုးများ၊ စားသောက်ကုန်၊ အလှကုန်၊ ဓါတ်မြေသြဇာများနှင့်ပတ်သက်သည့် တားမြစ်ထားချက်များ စသည့် စားသုံးသူရေးရာအခွင့်အရေးဆိုင်ရာများကို ဟောပြောသည်။ 

ထို့နောက် အမျိုးသားဆေးဝါးဆိုင်ရာဥပဒေများ သာမန်ထိမ်းချုပ်၊ အထူးထိန်းချုပ်ဆေးဝါးများအကြောင်းကို ဦးဆက်ပိုင်လင်း  (ဆေးဝါးဦးစီးအရာရှိ-FDA)က အသိပညာပေးဟောပြောပြီး တက်ရောက်လာသည့် လုပ်ငန်းရှင်များက သိရှိလိုသည့် မေးမြန်းချက်များကို တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြသည်။ 

ဟောပြောပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးအောင်ဇော်မင်း၊ ဟင်္သာတခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာနေခြည်ထက်ထက်လင်းအောင်၊ ဟင်္သာတမြို့ ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာဖြိုးဝေဝင်း၊ ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်မင်းသူနှင့် ဝန်ထမ်းများ၊ ဟင်္သာတမြို့ပေါ်ရှိ ရေသန့်စက်ရုံများမှ တာဝန်ရှိသူများ၊ ဆေးဝါးရောင်းချသည့် ဆိုင်တာဝန်ခံများ၊ ၁၂၀ဦးတက်ရောက်ခဲ့ကြသည်။ ဟောပြောပွဲအပြီးတွင် ဟင်္သာတခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပူးပေါင်းအဖွဲ့များက ဟင်္သာတမြို့ပေါ်ရှိ ဌေးဝင်းဈေးကြီးအတွင်းရှိ ဆေးဝါးရောင်းချသည့် ဆိုင်များသို့ ဆေးဝါးရောင်းချနေမှုများကို စစ်ဆေးခဲ့ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)