အောက်တိုဘာ - ၉ ( ကြာသပတေးနေ့ )
အီကွေဒေါသမ္မတ ဒန်နီရယ် နိုဘိုအာအား လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှုဖြင့် လူငါးဦးကို ထိန်းသိမ်းထားကြောင်း စွမ်းအင်ဝန်ကြီး အင်နက်စ်မန်ဇာနိုက အင်္ဂါနေ့တွင် ကြေညာခဲ့ပါတယ်။ နိုဘိုအာက အီကွေဒေါ နိုင်ငံရဲ့ ဌာနေတိုင်းရင်းသား လူမျိုးများကို ထိခိုက်စေတယ်လို့ အဝေဖန်ခံနေရတဲ့ ပြုပြင်ပြောင်းလဲမှုများ နဲ့ ပတ်သက်ပြီး ဆန္ဒပြမှုများ နဲ့ ရင်ဆိုင်နေရပါတယ်။
ရေသန့်စင်ခြင်းနှင့် မိလ္လာဆိုင်ရာ အခြေခံအဆောက်အအုံ ပရောဂျက်အသစ်များကို ကြည်ရှု့ရန်အတွက် တောင်ဘက်အလယ်ပိုင်း ကာနာ ပြည်နယ်သို့ ရောက်ရှိလာစဉ် သမ္မတရဲ့ ကားကို ဆန္ဒပြသူ ၅၀၀ ခန့်က ဝိုင်းရံထားစဉ် လုပ်ကြံမှုဖြစ်ပေါ်ခဲ့တာပါ။ သမ္မတရုံးက ထုတ်လွှင့်တဲ့ ဗီဒီယိုဖိုင်နဲ့ အွန်လိုင်းမှာ တင်ထားတဲ့ ဗီဒီယိုတွေမှာ ဆန္ဒပြသူတွေက ယာဉ်တန်းကို ကျောက်ခဲတွေနဲ့ ပစ်ပေါက်လို့ ကားမှန်တွေကွဲအက်ကုန်တာကို တွေ့ရပါတယ်။
သမ္မတရဲ့ကားက ဆိုးဆိုးရွားရွားပျက်စီးသွားကြောင်း ဝန်ကြီးက သတင်းထောက်များအား ပြောကြားခဲ့ပေမဲ့ ရဲတပ်ဖွဲ့ကတော့ ကားကိုယ်ထည်မှာ ကျည်ဆန် ရာတွေကိုတွေ့တယ်လို့ ဆိုပါတယ်။ သမ္မတက ထိခိုက်မှုမရှိပေမဲ့ ဝန်ကြီးကတော့ “လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှု” ဆိုတဲ့ ခေါင်စဉ်တပ်ပြီး တရားဝင်အစီရင်ခံစာကို တင်သွင်းခဲ့ပါတယ်။ အဲ့ဒိတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး သံသယရှိသူ ငါးဦးကို ဖမ်းဆီးထားပါတယ်။
နိုဘိုအာရဲ့ယာဉ်တန်းတိုက်ခိုက်ခံရမှုက ပထမဆုံးအကြိမ်မဟုတ်ပါဘူး။ ပြီးခဲ့သည့်လက အီဘာဘူရာ ပြည်နယ်တွင် ဆန္ဒပြပွဲများဖြစ်နေစဉ်အတွင်း သမ္မတကို တင်ဆောင်လာတဲ့ ယာဉ်တန်းကို ဆန္ဒပြသူ ၃၅၀ ဝန်းကျင်က ဝင်စီးခဲ့ဖူးပါတယ်။ အီကွေဒေါတည်ငြိမ်ရေးနှင့် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုကို တားဆီးရန် ရည်ရွယ်တဲ့ နိုဘိုရာရဲ့ စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ နောက်ဆက်တွဲ အကြောင်းအရင်းတွေကြောင့် ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့တာပါ။
အစိုးရက မကြာသေးမီကာလတုန်းက ဆယ်စုနှစ်များစွာကြာ လောင်စာဆီထောက်ပံ့မှုပေးနေမှုအား အဆုံးသတ်ခဲ့ပြီး အဆိုပါ လှုပ်ရှားမှုသည် အသုံးစရိတ်ဖြတ်တောက်ပြီး ရန်ပုံငွေများကို လူမှုရေးအစီအစဉ်များသို့ ပြန်ညွှန်းပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့လည်း ဝေဖန်သူများကမူ အဆိုပါ အတိုင်းအတာသည် ဝင်ငွေနည်းသူများနှင့် ဌာနေတိုင်းရင်းသား မိသားစုများကို ထိခိုက်စေတယ်လို့ စောဒကတက်ခဲ့ပါတယ်။
REF: RT
https://t.me/MyanmarNationalPost


No comments:
Post a Comment