ညောင်ဦး၊ အောက်တိုဘာ ၉
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ လက်ပံတဲကျေးရွာ၌ အပစ်မဲ့အရပ်သား ၂ ဦးအား အောက်တိုဘာ ၈ နေ့က အကြမ်းဖက် PDF အဖွဲက သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။
ဖြစ်စဉ်တွင် ဟိန်းကိုကိုဦး၊ ၃၃ နှစ် နှင့် မသိန်းဆွေ၊ ၂၉ နှစ် လက်ပံတဲကျေးရွာနေသူတို့ ၂ ဦးသည် နေအိမ်၌ရှိနေစဉ် နေအိမ်၏အရှေ့တောင်ဘက် ဝက်လူးကျေးရွာဘက်မှ အကြမ်းဖက် PDF ၅ ဦးခန့်သည် သေနတ်များ ကိုင်ဆောင်ကာ ရောက်ရှိလာပြီး မသိန်းဆွေ၏ အမည်အား မေးမြန်း၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် PDF အဖွဲ၏ ပစ်ခတ်မှုကြောင့် ဟိန်းကိုကိုဦး တွင် ယာ-လည်ပင်း ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲ-နံဘေး ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ မသိန်းဆွေတွင် ဝဲ-နားအောက် ဖောက်ဝင်ဒဏ်ရာ ၁ ချက်ရရှိပြီး သေဆုံးခဲ့ရသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment