ပုဇွန်တောင်၊ အောက်တိုဘာ ၂
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၊ အမှတ်(၆)ရပ်ကွက်ရှိ ဆားလင်း ပရိယတ္တိစာသင်တိုက်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ဆန်/ဆီအရောင်းဆိုင်များနှင့် ရေကျော်သီတင်းကျွတ်ပွဲတော်ကျင်းပရေးအဖွဲ့များ စုပေါင်း၍ ဆားလင်းပရိယတ္တိစာသင်တိုက် မူလကျောင်းဆောင်ဟောင်း ပြန်လည်ပြုပြင်ဆောက် လုပ်ရန် အလှူငွေလှူဒါန်းပွဲအခမ်းအနား ကျင်းပခဲ့သည်။
ရှေးဦးစွာ အခမ်းအနားအား နမောတဿ(၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး ဆားလင်းပရိယတ္တိ စာသင် တိုက်၊ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌဆရာတော် ဦးဇဝနထံမှ ငါးပါးသီလခံယူတည်ဆောက်ခဲ့ သည်၊၊ ဆက်လက်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်က အလှူ ငွေလှူဒါန်းပွဲနှင့်ပတ်သက်၍ ရှင်းလင်းလျှောက်ထားခဲ့ပြီးနောက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး ဆရာတော်ထံ အလှူငွေစုစုပေါင်း ကျပ်(၁၁၂၀၀၀၀ဝိ/-)(ကျပ်တစ်ရာတစ်ဆယ့်နှစ်သိန်းတိတိ)အား ဆပ်ကပ်လှူဒါန်းခဲ့သည်၊၊ ထို့နောက် လှူဒါန်းမှုအစုစုတို့အတွက် ဆရာတော်ထံမှ အနုမောဒနာ တရား နာယူ၍ ရေစက်သွန်ချအမျှပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဟန်စုယဉ်
https://t.me/MyanmarNationalPost






No comments:
Post a Comment