နေပြည်တော်တွင် ဗလီဆောက်လုပ်ခွင့် နှင့် မြေနေရာချထားပေးခြင်းအား ပြန်လည်စီစစ်၍ ရုပ်သိမ်းပေးပါရန် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)မှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောထံ မေတ္တာရပ်ခံစာ ပေးပို့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်တွင် ဗလီဆောက်လုပ်ခွင့် နှင့် မြေနေရာချထားပေးခြင်းအား ပြန်လည်စီစစ်၍ ရုပ်သိမ်းပေးပါရန် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)မှ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောထံ မေတ္တာရပ်ခံစာ ပေးပို့




ရန်ကုန်၊ အောက်တိုဘာ ၂

နေပြည်တော်တွင် ဗလီဆောက်လုပ်ခွင့် နှင့် မြေနေရာချထားပေးခြင်းအား ပြန်လည်စီစစ်၍ ရုပ်သိမ်းပေးပါရန် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)မှ ယနေ့ အောက်တိုဘာ ၂ရက်နေ့ ရက်စွဲဖြင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောထံ မေတ္တာရပ်ခံစာ ပေးပို့လိုက်ပြီဖြစ်ကြောင်း သိရသည်။

မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) ၏ မေတ္တာရပ်ခံစာတွင် "နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ဆောက်လုပ်ခွင့်ပြုထားသော ဘောဂဝတီရပ်ကွက်မှ ဗလီနှင့် မြေနေရာအား ပြန်လည်သုံးသပ် ပြင်ဆင် ဖျက်သိမ်း ပေးနိုင်ပါရန် မေတ္တာရပ်ခံ တင်ပြအပ်ပါကြောင်း၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ဘောဂသီရိရပ်ကွက်မှာ ရှီယာအစ္စလာမ်ဘာသာဝင်များ နှင့် ဆွန်နီ အစ္စလာမ်ဘာသာဝင်များ၏ သာသနာပြုလုပ်ငန်းများ ဆောင်ရွက်ရန် မြေနေရာချထားပေး၍ ဆောက်လုပ် ခွင့် ပြုနေခြင်းကြောင့် ရဟန်းရှင်လူ ပြည်သူအများ စိတ်မချမ်းမြေ့ ဖြစ်နေရကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် ဘာသာပေါင်းစုံဆိုသည့် အဖွဲ့များအား နေပြည်တော်တွင် တွေ့ ဆုံ၍ ဆွေးနွေးပြောဆိုကာ မြေနေရာများ ပေးထားခဲ့ပြီ ကြားကတည်းက ကန့်ကွက်မှုများကို ကြားသိမြင်တွေ့ခဲ့ရပါကြောင်း၊ ဘုန်းဘုန်းတို့ကိုယ်တိုင်လဲ ကန့်ကွက်ခဲ့ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရ၏ ဒီလိုလုပ်ရပ်ဟာ အင်မတန် ရင်နာဖို့ကောင်းတဲ့ လုပ်ရပ်ဖြစ်ကြောင်း" ရေးသားဖော်ပြထားသည်။

ဆက်လက်၍ "NLD အစိုးရလက်ထက်တွင် သာဝန် ဦးအောင်ကို က အစ္စလာမ်ဘာသာဝင်တွေ ထောင်နဲ့ချီပြီး တစ်စုတစ်ဝေးတည်း ဝတ်ပြုနိုင်ရန် တောင်ဒဂုံမှာ ဗလီကြီး ဆောက်လုပ်ပေးမယ်လို့ ပြောခဲ့လို့ သာဝန်ဖြုတ်ချရေး ဆန္ဒပြတောင်းဆိုပွဲကြီး ရန်ကုန်မှ နေပြည်တော်အထိ ပြုလုပ်ခဲ့ကြသည်မှာ ကမ္ဘာသိပင် ဖြစ်ကြောင်း၊ ဘာသာရေးနယ်ချဲ့ဖို့ ကြိုးစားနေတဲ့ မိမိတို့တိုင်းရင်းသားမဟုတ်သည့် အစ္စလာမ်တွေကို မျက်နှာလို မျက်နှာရ အဲဒီလောက်ထိတော့ အရေးမပေးသင့်ကြောင်း၊ နိုင်ငံတော်သစ္စာဖောက် ဝန်ကြီး ဦးအောင်ကို ဟာ အပြောသာရှိပြီး လက်တွေ့အကောင်အထည် မဖော်နိုင်ခဲ့ကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး၏ အချုပ်အခြာအာဏာကို ဖျက်လိုဖျက်ဆီးလုပ်နေသူ အမျိုးသားသစ္စာဖောက်များ လက်မှ ကယ်တင်ခဲ့သော ဘုန်းဘုန်းတို့ကိုယ်တိုင် အားပေးထောက်ခံခဲ့သည့် တပ်မတော် က အာဏာအရပ်ရပ်ကို လွှဲပြောင်းရယူထားသည့် အချိန်ကာလကျမှပဲ အစ္စလာမ်ဘာသာဝင်တွေအတွက် ဘာသာရေးနယ်ချဲ့ဖို့ တရားဝင် ခွင့်ပြုပေးလိုက်ခြင်းဟာ လွတ်လပ်ရေးမရခင်ကတည်းကနေ ယနေ့အချိန် ထိ တိုင်းပြည်၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်နေတဲ့ မြန်မာ့တပ်မတော်သမိုင်းကို အရုပ်ဆိုး အကျည်းတန်စေသော လုပ်ရပ် ဖြစ်စေပါကြောင်း၊ မကြာမှီ ရွေးကောက်ပွဲကာလ ရောက်ရှိတော့မှာ ဖြစ်သည့်အတွက် မလိုလားအပ်သော အဓိကရုဏ်းများ မဖြစ်ပေါ်စေရေးနှင့် နိုင်ငံတော်ကြီး၏ အမျိုးသားအကျိုးစီးပွားကို ရှေးရှုကာ အစ္စလာမ်ဘာဝင် ရှီယာ၊ ဆွန်နီ တို့အား မြေနေရာချထားပေးခြင့်နှင့် ဗလီ ဆောက်လုပ်ခွင့်အား ပြန်လည်ရုပ်သိမ်းပေးပါရန် မေတ္တာရပ်ခံ တင်ပြထားကြောင်း သိရသည်။

အဆိုပါ ဗလီဆောက်လုပ်ရန် မြေနေရာချထားပေးခြင်းနှင့် ဆောက်လုပ်နေခြင်းအပေါ် နေပြည်တော်အမျိုးသားရေးအဖွဲ့မှ ဦးဆောင်ဆရာတော်များက ကန့်ကွက်စာကို နိုင်ငံတော်အကြီးအကဲများထံ တင်ပြထားပြီး မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (မန္တလေး) ကလည်း ကန့်ကွက်ကြောင်း ထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)