ထရမ့်နဲ့ တာကိုင်ချီတို့ ကုန်သွယ်ရေး သဘောတူညီမှု လက်မှတ်ရေးထိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ထရမ့်နဲ့ တာကိုင်ချီတို့ ကုန်သွယ်ရေး သဘောတူညီမှု လက်မှတ်ရေးထိုး


အောက်တိုဘာ - ၂၈ ( အင်္ဂါနေ့ ) 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့  ဂျပန်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်ဖြစ်တဲ့ ဆာနေးတာကိုင်ချီ တို့ ဒီကနေ့မှာပဲ ကုန်သွယ်ရေးသဘောတူညီချက် နဲ့ အရေးပါသောသတ္တုများဆိုင်ရာ ဒုတိယသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး “ဂျပန်-အမေရိကန် မဟာမိတ်ရွှေခေတ်သစ်” အထိမ်းအမှတ် ကျင်းပခဲ့ပါတယ်။ 

ပြီးခဲ့သည့် သီတင်းပတ်က ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခံခဲ့ရသော ဆာနေးတာကိုင်ချီ က နှစ်နိုင်ငံဆက်ဆံရေးကို ကမ္ဘာ့အကြီးကျယ်ဆုံး မဟာမိတ်ဟုခေါ်ဆိုကာ "ရွှေခေတ်သစ်" ကို တည်ဆောက်သွား မယ်လို့ ကတိပြုခဲ့ပါတယ်။ နောက်ပြီး တစ်ကမ္ဘာလုံး ဆိုင်ရာ အပစ်အခတ်ရပ်ဆဲရေးနဲ့ ပတ်သက်တဲ့ ထရမ့်ရဲ့ လှုတ်ရှားမှုတွေကိုလည်း ချီးကျူးသွားပါတယ်။ 

“ထိုင်းနဲ့ ကမ္ဘောဒီးယားကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို သမ္မတကြီးက အောင်မြင်အောင် လုပ်နိုင်ခဲ့ပြီး၊ မကြာသေးမီကာလအတွင်းမှာ အရှေ့အလယ်ပိုင်းမှာ ရရှိခဲ့တဲ့ သဘောတူညီချက်ဟာ မကြုံစဖူး သမိုင်းဝင် အောင်မြင်မှုတစ်ခုပါ” လို့ တာကိုင်ချီက ထရမ့်ကို ချီးမွှမ်းခဲ့သလို ထရမ့်ကလည်း ဂျပန်ကို "ကြီးမြတ်သော မဟာမိတ်နိုင်ငံ" အဖြစ် ချီးကျူးပြောဆိုနေစဉ်မှာ သူမက "ကြီးမြတ်သော ဝန်ကြီးချုပ်များထဲမှ တစ်ဦးဖြစ်လိမ့်မယ်” လို့ တာကိုင်ချီကို ထရမ့်က ပြန်ချီးကျူးခဲ့ပါတယ်။ 

တွေ့ဆုံမှုအတွင်း ထရမ့်နဲ့ တာကိုင်ချီတို့က သဘောတူညီချက်အသစ်နှစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ ပထမသဘောတူညီချက်သည် အမေရိကန်-ဂျပန် ဆက်ဆံရေး၏ ရွှေခေတ်သစ်ကို ရောက်ရှိလာပြီး မဟာမိတ်နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုကို လုံခြုံစေကာ စီးပွားရေးတိုးတက်မှုကို မြှင့်တင်၍ ကမ္ဘာလုံးဆိုင်ရာ သာယာဝပြောရေးကို စဉ်ဆက်မပြတ် ဦးတည်စေမယ့်အကြောင်း ဖြစ်ပြီး ဒုတိယသဘောတူညီချက်ကတော့ အရေးကြီးသော ဓာတ်သတ္တုများနဲ့ ပတ်သက်ကာ အမေရိကန်နှင့် ဂျပန်နိုင်ငံတို့ကြား မြေရှားသတ္တု ထောက်ပံ့မှုနှင့် ထုတ်လုပ်မှုကို မြှင့်တင်ရန် မူဘောင်တစ်ခုအတွက် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။  

ထရမ့်နဲ့ တာကိုင်ချီတို့က "အမေရိကန်နှင့် ဂျပန်နိုင်ငံ၏ ပြည်တွင်းစက်မှုလုပ်ငန်းများအတွက် အရေးပါသော ကုန်ကြမ်းများနဲ့ ပြုပြင်ပြီး အရေးကြီးသော ဓာတ်သတ္တုများအတွက် မြေရှားသတ္တု ထောက်ပံ့ပေးရန် သဘောတူညီခဲ့တယ်"လို့ ပူးတွဲထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။ 


REF: UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)