မြစ်ကြီးနားမြို့၊ အရှေ့လယ်ကုန်းရပ်ကွက်၊ သောင်ဦးကျောင်းတိုက်၏ ဦးစီးပဓာနနာယက၊ သက်တော်ရှည်ဆရာတော်ကြီး ဘဒ္ဒန္တဥတ္တရ သက်တော်(၈၅)နှစ်၊ သိက္ခာတော်(၆၅)ဝါ၏ အန္တိမအဂ္ဂိဈာပန အခမ်းအနားကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြစ်ကြီးနားမြို့၊ အရှေ့လယ်ကုန်းရပ်ကွက်၊ သောင်ဦးကျောင်းတိုက်၏ ဦးစီးပဓာနနာယက၊ သက်တော်ရှည်ဆရာတော်ကြီး ဘဒ္ဒန္တဥတ္တရ သက်တော်(၈၅)နှစ်၊ သိက္ခာတော်(၆၅)ဝါ၏ အန္တိမအဂ္ဂိဈာပန အခမ်းအနားကျင်းပပြုလုပ်


နေပြည်တော်၊ အောက်တိုဘာ ၂၈

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အရှေ့လယ်ကုန်းရပ်ကွက်၊ သောင်ဦးကျောင်းတိုက်၏ ဦးစီးပဓာန နာယက၊ သက်တော်ရှည်ဆရာတော်ကြီး ဘဒ္ဒန္တဥတ္တရ သက်တော်(၈၅)နှစ်၊ သိက္ခာတော်(၆၅)ဝါ၏ အန္တိမအဂ္ဂိဈာပန ကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ ပင့်ဖိတ်ထားသည့် ပြည်နယ်သံဃနာယက အကျိုးတော်ဆောင် ဝန်းသိုကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေတုမာလာ အမှူးပြုသော သံဃာတော်များ၊ သာသနာ့နွယ်ဝင်သီလရှင်များ ကြွရောက်တော်မူကြပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒါယကာ၊ ဒါယိကာမများ တက်ရောက်ကြသည်။

ဦးစွာ အခမ်းအနားကို “သဗ္ဗေသင်္ခါရာ အနိစ္စာတိ” အစချီသော သုံးဂါထာကို ရွတ်ဖတ်၍ စတင်ခဲ့ပြီး တက်ရောက်လာကြသူများက ဝန်းသိုကျောင်းတိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေတုမာလာ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ထို့နောက် ဦးဉာဏသိန်း (မန္တလေး) ဘဝနတ်ထံဝင်စံတော်မူသော သောင်ဦးကျောင်းဆရာတော်ကြီး၏ ထေရုပ္ပတ္တိအကျဉ်းအား ဖတ်ကြားလျှောက်ထားသည်။ 

၎င်းနောက် တိုင်းမှူး နှင့် တာဝန်ရှိသူများက သံဃာတော်များအား လှူဖွယ်ပစ္စည်းများဆက်ကပ် လှူဒါန်းကြပြီး ဈာပနကော်မတီဥက္ကဋ္ဌ ပေါ်ဦးကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တနာရဒက သောင်ဦးကျောင်း ဆရာတော်ကြီး၏ တပည့်ရဟန်းသာမဏေများနှင့် ဒါယကာ၊ ဒါယိကာမများအား ဆရာတော်ကြီး အပေါ်၌ အပြစ်ရှိက ခွင့်လွှတ်ပါရန် တောင်းပန်လွှာကို တိုင်တည်ပေးသည်။

ဆက်လက်၍ သောင်ဦးကျောင်းတိုက်ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်ကို သံဃာတော်များ၊ တိုင်းမှူးနှင့်တာဝန်ရှိသူများ၊ ဒါယကာ၊ ဒါယိကာမများက ယာယီစံကျောင်းမဏ္ဍပ်သို့ အဆင့်ဆင့်ပင့်ဆောင်ကြသည်။ နေ့လယ်ပိုင်းတွင် ဆရာတော်ကြီး၏ ဥတုဇရုပ်ကလာပ်တော်ကို မြစ်ကြီးနားမြို့အတွင်း ဈာပနလမ်းကြောင်းအတိုင်း လှည့်လည်ပူဇော်ခံပြီး လောင်တိုက်တော်၌ အန္တိမအဂ္ဂိဈာပါနပူဇာပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။


ttps://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)