နေပြည်တော်၊ အောက်တိုဘာ ၂၈
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် က ကြေညာချက်အမှတ် ( ၁၄၁ / ၂၀၂၅ ) (၂၀၂၅ ခုနှစ်၊ အောက်တိုဘာ လ ၂၈ ရက်) ရက်စွဲဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း ( ၂ ) ကျင်းပမည့်နေ့ရက်နှင့် ပါဝင်သည့် မြို့နယ်များကို သတ်မှတ်ကြေညာထားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ၏ ကြေညာချက်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း ( ၁ ) တွင် ပါဝင်သည့် မြို့နယ် ( ၁၀၂ ) မြို့ နယ်ကို ၂၀၂၅ ခုနှစ်၊ ဩဂုတ် လ ၂၀ ရက်နေ့တွင် ကြေညာချက်အမှတ် (၅၆/၂၀၂၅) ဖြင့် သတ်မှတ်ကြေညာခဲ့ပြီး ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း ( ၂ ) ကို ၁၃၈၇ ခုနှစ်၊ ပြာသို လပြည့်ကျော် ၉ ရက် ( ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက် ) တနင်္ဂနွေနေ့ တွင် ကျင်းပမည် ဖြစ်ပြီး ပါဝင်သည့် မြို့နယ် ( ၁၀၀ ) မြို့နယ်အား တိုင်းဒေသကြီး/ပြည်နယ်အလိုက် ပူးတွဲဖော်ပြထားသည်။
ttps://t.me/MyanmarNationalPost





No comments:
Post a Comment