ပရာဘိုဝီနဲ့ ထရမ့်ကြား ပြောစကားပေါက်ကြားမှုဖြစ်
အီဂျစ်နိုင်ငံ ရှမ်အယ်လ်ရှိတ်ခ် တွင် ဂါဇာကမ်းမြှောင် ငြိမ်းချမ်းရေး ထိပ်သီးအစည်းအဝေး၌ ပြောကြားခဲ့တဲ့ အင်ဒိုနီးရှား သမ္မတ ပရာဘိုဝီဆူဗြန်တို နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ကြား စကားဝိုင်းပြောဆိုမှုတွေက ပေါက်ကြားသွားတာကြောင့် စကားဝိုင်းက အရေးမပါကြောင်းကို အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး က အဲ့ဒါတွေက အလွတ်သဘောမျိုး ပြောတာပါ၊ တရားဝင်ကိစ္စတွေနဲ့ မသတ်ဆိုင်ပါဘူး လို့ မနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ( ဂျာကာတာဂလုပ်)
ပြည်သူတွေအတွက် အာမခံပါတယ် လို့ ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာနဆို
ဖိလစ်ပိုင်နိုင်ငံ၏ ကျန်းမာရေးဌာန (DOH) က အမျိုးသားမြို့တော်ဒေသ (NCR) မှ ဆေးရုံများသည် “The Big One” လို့ သိကြတဲ့ ငလျင်ကြီးလှုပ်ခတ်မှုအတွင်း အရေးပေါ်အခြေအနေများအတွက် တုံ့ပြန်ရန် ပြင်ဆင်ထားကြောင်း ပြည်သူများအား မနေ့က အာမခံခဲ့ပါတယ်။ ( ဖိလစ်ပိုင်သတင်းအေဂျင်စီ)
စင်ကာပူမှာ လိုင်းကားခတွေ ဈေးတက်မယ်
အရွယ်ရောက်ပြီးသူများသည် ဒီဇင်ဘာ ၂၇ ရက်မှစ၍ အများပိုင်ဘတ်စ်ကားများနှင့် ရထားများအတွက် ကတ်ခနှုန်းထားများအတွက် ခရီးတစ်ကြောင်းလျှင် ၉ ဆင့်မှ ၁၀ ဆင့်အထိ ပေးဆောင်ရမည်ဖြစ်ကြောင်း ပြည်သူ့သယ်ယူပို့ဆောင်ရေးကောင်စီ (PTC) မှ မနေ့က (အောက်တိုဘာ ၁၄ ရက်) တွင် ကြေညာခဲ့ပါတယ်။
(စီအန်အေ )
ဆီးဂိမ်းအတွက် ထိုင်းကဲဘိနတ်က ဘတ်ငွေ ၄၅၆ သန်းခွင့်ပြု
လာမယ့် ဒီဇင်ဘာလ ၉ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ပြုလုပ်မယ့် ၃၃ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ( ဆီးဂိမ်း ) နဲ့ အာရှ မသန်မစွမ်း အားကစားပြိုုင်ပွဲတွေအတွက် အာကစားခရီသွားလုပ်ငန်း နဲ့ ထိုင်းနိုင်ငံရဲ့ပုံရိပ်ကို တိုးမြှင့်ပေးနိုင်ရန် ထိုင်း ကဲဘိနက် က ဘတ်ငွေ ၄၅၆ သန်းကို သုံးစွဲခွင့်ပြုလိုက်ပါတယ်။
( သည်နေးရှင်း )
https://t.me/MyanmarNationalPost
No comments:
Post a Comment