ပေါင်မြို့နယ်၌ မဲစာရင်းကပ်ထားသည့်‌နေရာများအား တာဝန်ရှိသူများမှ လိုက်လံကွင်းဆင်းစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်မြို့နယ်၌ မဲစာရင်းကပ်ထားသည့်‌နေရာများအား တာဝန်ရှိသူများမှ လိုက်လံကွင်းဆင်းစစ်ဆေး




ပေါင်၊ အောက်တိုဘာ ၃

မွန်ပြည်နယ်၊‌ ပေါင်မြို့နယ်၌ ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်နိုင်ရေးအတွက် မဲစာရင်းများ ကပ်ထားသည့်နေရာများကို ယနေ့ နံနက်ပိုင်းက သတ်မှတ်ရပ်ကွက်/ကျေးရွာများသို့ တာဝန်ရှိသူများ မှ လိုက်လံကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးစံလှဘော် နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌနှင့်အဖွဲ့ဝင်များသည် သက်ဆိုင်ရာရပ်ကွက်များသို့ ပထမအကြိမ်မဲစာရင်းကပ်ထားကြေညာထားမှုအား ပြည်သူများလာရောက်ကြည့်ရှုနေမှုကို သွားရောက်ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ကပ်ထားကြေညာသည့် မဲစာရင်းများကိုလည်း ပြည်သူများသိရှိစေရေး အလေးထားဆောင်ရွက်သွားရန်မှာကြားခဲ့ကြောင်းသိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)