ဟင်္သာတ၊ အောက်တိုဘာ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ နည်းပညာတက္ကသိုလ်(ဟင်္သာတ) ဘွဲ့နှင်းသဘင်ခန်းမတွင် ယမန်နေ့က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ကျောင်းသား/သူများ၏ မေဂျာပေါင်းစုံ Project Show 2025 ပြပွဲ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် နည်းပညာတက္ကသိုလ်(ဟင်္သာတ)မှ တာဝန်ခံပါမောက္ခ ဒေါက်တာ ထွန်းလင်းနိုင်၊ ကွန်ပျူတာတက္ကသိုလ် (ဟင်္သာတ)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းမြတ်အောင်၊ အစိုးရစက်မှုအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းမင်းဦး၊ နည်းပညာတက္ကသိုလ် (ဟင်္သာတ)မှ သင်တန်းရေးရာဌာနကြီးမှူး ဒေါက်တာ မြင့်မြင့်ခိုင်၊ ဌာနမှူး ဦးထွန်းဇော်အေး တို့က နည်းပညာတက္ကသိုလ် (ဟင်္သာတ) Project Show 2025 အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ဒေါက်တာ ထွန်းလင်းနိုင်က Project Show 2025 ပြပွဲ ပြုလုပ်ရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် Project Show 2025 ပြပွဲတွင် ပါဝင်ပြသခဲ့ကြသော ကျောင်းသား/သူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ရာ EC မေဂျာမှ Project Show (၁၂)ဖွဲ့ကိုယ်စား ကျောင်းသား(၁)ဦးကလည်းကောင်း၊ EP မေဂျာမှ Project Show (၅)ဖွဲ့ကိုယ်စား ကျောင်းသား(၁)ဦးကလည်းကောင်း၊ Civil မေဂျာမှ Project Show (၂)ဖွဲ့ကိုယ်စား ကျောင်းသား(၁)ဦးကလည်းကောင်း၊ Mech မေဂျာမှ Project Show (၂)ဖွဲ့ကိုယ်စား ကျောင်းသား(၁)ဦးကလည်းကောင်း အသီးသီးလက်ခံရယူခဲ့ကြသည်။ ထို့နောက် အခမ်းအနား တက်ရောက်လာသော တာဝန်ရှိသူများနှင့် ကျောင်းသား/သူများက မေဂျာအသီးသီးမှ ခင်းကျင်းပြသထားသော Project များအား လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
အခမ်းအနားသို့ နည်းပညာတက္ကသိုလ်(ဟင်္သာတ)မှ တာဝန်ခံပါမောက္ခ ဒေါက်တာ ထွန်းလင်းနိုင်၊ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာ ထွန်းမြတ်အောင်၊ အစိုးရစက်မှုအထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးမင်းမင်းဦးနှင့် ဆရာ/ဆရာမများ၊ နည်းပညာ တက္ကသိုလ်(ဟင်္သာတ)မှ သင်တန်းရေးရာဌာနကြီးမှူး ဒေါက်တာ မြင့်မြင့်ခိုင်၊ ဌာနမှူး ဦးထွန်းဇော်အေး၊ ဟင်္သာတခရိုင် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခိုင်ဇာလင်း၊ နည်းပညာတက္ကသိုလ် (ဟင်္သာတ)၏ မေဂျာအသီးသီးမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ (၂၅၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment