ကမ္ဘာ့ အသက်အကြီးဆုံး သမ္မတ မဲ နိုင်သွားပြန်ပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကမ္ဘာ့ အသက်အကြီးဆုံး သမ္မတ မဲ နိုင်သွားပြန်ပြီ



အောက်တိုဘာ - ၂၉ ( ဗုဒ္ဓဟူးနေ့ ) 

ကင်မရွန်းနိုင်ငံရဲ့ လက်ရှိသမ္မတ ပေါလ်ဘီယာသည် မကြာသေးမီက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွင် အနိုင်ရရှိသူဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ပြီးနောက် သူသည် အသက် ၁၀၀ နီးပါးအထိ နောက်ထပ် ၇ နှစ် သက်တမ်းတာဝန်ကို ဆက်လက်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ 

အောက်တိုဘာ ၁၂ ရက် ရွေးကောက်ပွဲတွင် ဘီယာက က မဲ ၅၃.၆၆ ရာခိုင်နှုန်း အနိုင်ရခဲ့ပြီး ၎င်းရဲ့ အဓိက ပြိုင်ဘက် အစ်ဆာ ဘာကာရီ က ၃၅.၁၉ ရာခိုင်နှုန်းပဲ ရရှိခဲ့ကြောင်း ဖွဲ့စည်းပုံအခြေခံဥပဒေကောင်စီက တနင်္လာနေ့က  ကြေညာခဲ့ပါတယ်။

တနင်္ဂနွေနေ့က ကမ်းရိုးတန်းမြို့ ဒူအာလာမြို့မှာ အတိုက်အခံ ထောက်ခံသူများက ရွေးကောက်ပွဲ ရလဒ်များကို ဆန္ဒပြလို့ လုံခြုံရေး တပ်ဖွဲ့များနှင့် ထိပ်တိုက်တွေ့ကာ အနည်းဆုံး လူလေးဦး သေဆုံးခဲ့ပါတယ်။ တနင်္လာနေ့မှာ မငြိမ်မသက်မှုများ ဆက်လက်ဖြစ်ပွားနေပြီး မြောက်ပိုင်း ဂါရူရာမြို့ရှိ အတိုက်အခံခေါင်းဆောင်ရဲ့ နေအိမ်အပြင်ဘက်မှာ လာပြီး စုဝေးတဲ့ လူအုပ်ကြီးကို စနိုက်ပါသမားများက ပစ်ခတ်မှုကြောင့် လူနှစ်ဦး သေဆုံးခဲ့တယ်လို့ အတိုက်အခံ ခေါင်းဆောင်ကပြောပါတယ်။ အတိုက်အခံခေါင်းဆောင်၏ နေအိမ်အနီးတွင် လူအများအပြား ပစ်သတ်ခံခဲ့ရကြောင်း ပြည်တွင်းသတင်းထောက်တစ်ဦးက BBC သို့ ပြောကြားခဲ့ပါတယ်။ 

အသက် ၉၂ နှစ်ရှိ ဘီယာက ၁၉၈၂ခုနှစ်ကတည်းက ကင်မရွန်း သမ္မတဖြစ်လာခဲ့ပြီး သူ့ကို လက်ရှိမှာ ကမ္ဘာ့အသက်အကြီးဆုံး ခေါင်းဆောင်အဖြစ် သတ်မှတ်ရမှာပါ။  အီကွေတိုရီရယ်ဂီနီနိုင်ငံက တီယိုဒိုရို အိုဘိုင်ယန် ငူအီမာ  ပြီးနောက် အာဖရိကတွင် ဒုတိယသက်တမ်းအကြာဆုံး နိုင်ငံ့ခေါင်းဆောင်အဖြစ် သတ်မှတ်ခဲ့ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)