လဲချားမြို့နယ်တွင် ၂၀၂၅ ခုနှစ်အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

လဲချားမြို့နယ်တွင် ၂၀၂၅ ခုနှစ်အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ


လဲချား၊ အောက်တိုဘာ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့နယ် အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကျေးစာရေးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခဲ့သည်။

‎ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနန်းတင့်က အဖွင့်အမှာစကား ပြောကြားပြီး ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲဆိုင်ရာ ကိစ္စအရပ်များအား လည်းကောင်း၊ မြို့နယ်ရဲမှူးမှ လူဦးရေစာရင်းအချက်အလက်များနှင့် ပတ်သက်၍လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မဲပေးပိုင်ခွင့်ရှိသည့် အသက်(၁၈)နှစ်ပြည့်ပီးသူများ မှတ်ပုံတင်ကိစ္စများနှင့်လည်းကောင်း၊ မြို့နယ်ကော်မရှင်ဦးစီးအရာရှိမှ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စအရပ်ရပ်များကိုလည်းကောင်း ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့ကြပြီး မြို့နယ်ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက တာဝန်ကျရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးခဲ့ကြပြီးအစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက လုပ်ငန်းများအပေါ် အသီးသီးဆွေးနွေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)