အောက်တိုဘာ - ၁၅ ( ဗုဒ္ဓဟူးနေ့)
ကွန်ဆာဗေးတစ် တက်ကြွလှုပ်ရှားသူ ချာလီကရစ် လုပ်ကြံခံရမှုကို လူသိရှင်ကြား ဂုဏ်ပြုတဲ့အနေနဲ့ အမေရိကန်မှာ လာရောက်နေထိုင်တဲ့ လူအများအပြားရဲ့ ဗီဇာကို ရုပ်သိမ်းလိုက်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက မနေ့က ပြောကြားလိုက်ပါတယ်။
Turning Point USA အဖွဲ့ကို ပူးတွဲတည်ထောင်ခဲ့ပြီး ကောလိပ်ကျောင်းများတွင် နိုင်ငံရေးစကားစစ်ထိုးခြင်းဖြင့် ကျော်ကြားလာခဲ့တဲ့ ကရစ်က ယူတက်ပြည်နယ်မှာ ပြီးခဲ့သည့်လက ကျောင်းသားများနှင့် စကားပြောနေစဉ် စနိုက်ပါသမားတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အင်္ဂါနေ့ကထုတ်ပြန်တဲ့ အိတ်စ်မီဒီယာရဲ့ ပို့စ်တစ်ခုတွင် ကရစ်ရဲ့ မွေးနေ့တွင် အမေရိကန်နိုင်ငံအနေနဲ့ "အမေရိကန်များကို သေစေလိုသော နိုင်ငံခြားသားများကို လက်ခံဖို့ တာဝန်မရှိပါဘူး" ဆိုပြီး ရေးတင်ထားပါတယ်။
ဂျာမနီ၊ အာဂျင်တီးနား၊ မက္ကဆီကို၊ ဘရာဇီး၊ ပါရာဂွေးနှင့် တောင်အာဖရိကတို့မှ လူခြောက်ဦးတို့ရဲ့ မက်ဆေ့ခ်ျ တွေကို စခရင့်ရှော့ရိုက်ထားတဲ့ ဓာတ်ပုံတွေ နဲ့ အထက်ပါ စာသားကိုတွဲပြီး လိုင်းပေါ်တင်ခဲ့တာပါ။
အာဂျင်တီးနားနိုင်ငံသားတစ်ဦးက ကရစ်အား လူမျိုးရေးခွဲခြားတဲ့အမြင်များကို ပျံ့နှံ့စေတယ်လို့ စွပ်စွဲကာ သေထိုက်တယ်ဆိုပြီး အခိုင်အမာဆိုကာ ဂျာမန်အမျိုးသားတစ်ဦးက “ဖက်ဆစ်များသေသောအခါ၊ ဒီမိုကရက်တစ်များက မညည်းညူကြ” လို့ ရေးတင်ခဲ့ပါတယ်။ ဘရာဇီးသားတစ်ဘောက်ကတော့ “ကရစ် အား ဂါရဝပြုချီတက်ရတဲ့အကြောင်းက နာဇီတွေလူထုစုဝေးပွဲအတွက် အကြောင်းပြချက်ဖြစ်သွားတယ်။ အလွန်နောက်ကျသွားပါပြီ” လို့ ရေးတင်ခဲ့ပါတယ်။
နိုင်ငံခြားရေး ဝန်ကြီးဌာနကတင်လိုက်တဲ့ ပို့စ်တွေမှာ “ကျနော်တို့တင်လိုက်တဲ့ ပို့စ်တွေက အမေရိကန်မှာ လာနေပြီး အမေရိကန်တွေကို မကြိုက်တဲ့ ဂြိုလ်သားတွေပြောတဲ့ စကား နမူနာ အနည်းငယ်မျှသာ ဖြစ်ပါတယ်”လို့ ပါရှိပြီး ကရစ်သေဆုံးမှုအပေါ် ဝမ်းမြောက်နေကြတဲ့ နိုင်ငံခြားသားတွေကိုလည်း ဆက်လက်ဖော်ထုတ်သွားမယ်လို့ ပြောသွားပါတယ်။
REF: RT
https://t.me/MyanmarNationalPost
No comments:
Post a Comment