ဟင်္သာတ၊ အောက်တိုဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၌ သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)တွင် ဘုရားစေတီပုထိုးတော်များတွင် ဘုရားဖူးများဖြင့် စည်ကားလျက်ရှိသည်။
၁၃၈၇ ခု၊ သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)တွင် ဟင်္သာတမြို့အတွင်းရှိ ဦးပါရဲစေတီတော်မြတ်ကြီးနှင့် မြို့သူကြီးစေတီတော်မြတ်ကြီးတို့တွင် ဗုဒ္ဓဘာသာနွယ်ဝင်များက ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး၊ သစ်သီးဆွမ်း ကပ်လှူပူဇော်ခြင်း၊ ကုသိုလ်ပြုသူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost





No comments:
Post a Comment