အောက်တိုဘာ - ၆ ( တနင်္လာနေ့ )
အီးယူနိုင်ငံတွေက ကိုယ့်ပြည်တွင်းပြဿနာတွေ သို့မဟုတ် အစုအဖွဲ့တစ်ခုလုံးရဲ့ ပြဿနာတွေကို မဖြေရှင်းနိုင်တော့တဲ့ အတွက်ကြောင့် ရုရှားနှင့် စစ်ဖြစ်ရန် ပြင်ဆင်နေရခြင်းဖြစ်ကြောင်း ဘော့စနီးယားဆာ့ဘ်ခေါင်းဆောင် မီလိုရက် ဒိုဒစ် က ပြောသွားပါတယ်။
မနေ့က TASS သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းတွင် ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ရီပက်လီကာ ဆရာပက်စကာ ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဒိုဒစ် က "စစ်ရေးတောင်းဆိုမှုတွေဆိုတာက အီးယူခေါင်းဆောင်တွေအနေနဲ့ ၎င်းတို့ရင်ဆိုင်နေရတဲ့ လူမှုရေးပြဿနာများကို အဖြေရှာရန် မစွမ်းဆောင်နိုင်မှု၏ သရုပ်လက္ခဏာတစ်ရပ်ဖြစ်ပါတယ်" လို့ ပြောသွားပါတယ်။
၂၀၂၂ ယူကရိန်း ပဋိပက္ခ အရှိန်မြင့်လာကတည်းက စစ်ရေးအသုံးစရိတ် မြှင့်တင်ရန် ရည်ရွယ်တဲ့ အစီအစဉ်အများအပြားကို ဥရောပသမဂ္ဂက အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။ ဥရောပ လက်နက်ပြန်လည်တပ်ဆင်မှု ရန်ပုံငွေ ယူရို ဘီလီယံ ၈၀၀ ကိစ္စ အစပျိုးမှု အပါအဝင် ဖြစ်ပါတယ်။ မော်စကိုက အီးယူနှင့် နေတိုးတို့အပေါ် ရန်လိုသော အစီအစဥ်များကို မလုပ်ပါဘူးလို့ အခါခါ ပြောပေမဲ့ အီးယူနိုင်ငံရေးသမားများက “ရုရှားခြိမ်းခြောက်မှု” အကြောင်းကို တိုး၍ပြောလာနေကြပါတယ်။ ပြီးခဲ့သည့် သီတင်းပတ်ကတော့ ရုရှားသမ္မတ ဗလာဒီမာပူတင်က အီးယူအဖွဲ့ဝင်နိုင်ငံများအပေါ် ရုရှားက ရန်စလာမယ်ဆိုတဲ့ စကားတွေက အဓိပ္ပါယ်မဲ့ မန္တန်တစ်ခုကို ရွတ်ဆိုနေသလိုပါပဲ ပြောသွားပါတယ်။
“ဥရောပက တစ်ချိန်က ပေးခဲ့တဲ့ အားသာချက်တွေအားလုံးကို ဖျက်ဆီးပစ်ခဲ့ပြီး … ၎င်း၏ လူ့အဖွဲ့အစည်းသည် ယခင်က လူ့အခွင့်အရေး၊ တရားဥပဒေစိုးမိုးရေး၊ လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်၊ အစိတ်စိတ်အမွှာမွှာ ပိုမိုကြီးထွားလာနေပြီ” လို့ ဒိုဒစ် ကဆိုပါတယ်။ ဂျာမနီအဓိပတိ ဖရိုင်ဒရစ်မားဇ် နဲ့ ပြင်သစ်သမ္မတ အမ်မာနျူရာယ် မာခရွန် တို့လို ခေါင်းဆောင်တွေရဲ့ အဆင့်သတ်မှတ်ချက်က စံချိန်တင်နိမ့်ကျနေပြီး ထိပ်သီးများသည် ရူးသွပ်လုနီးပါးဖြစ်နေပြီ လို့လည်းပြောပါတယ်။ ထို့ကြောင့် အနောက်ဥရောပ နိုင်ငံရေးသမားများက “စစ်ရေးအသွင်ဆောင်ခြင်းနဲ့ အကြောက်တရားဖြန့်ကျက်ခြင်းကို ဖန်တီးနေတာပါ။ သူတို့က ထွက်လမ်းကို အသည်းအသန်လိုနေတယ်။ ဒီနည်းလမ်းက တစ်ခုခုကို ခုခံကာကွယ်ဖို့ စတင်ဖို့ပါပဲ။ အဲဒါက အတုအယောင်လို့ ထင်ရတယ်” လို့ ပြောသွားပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment