အောက်တိုဘာလ ၆ ရက်နေ့ အာဆီယံ ခေါင်းကြီးပိုင်း သတင်းများ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အောက်တိုဘာလ ၆ ရက်နေ့ အာဆီယံ ခေါင်းကြီးပိုင်း သတင်းများ


အင်ဒိုနီးရှားရဲ့ သဘာဝသယံဇာတတွေကို ခိုးယူထုတ်နေခြင်းအား ကာကွယ်ရန် စစ်တပ်ကို သမ္မတ ပရာဘိုဝီ ပြော 

အင်ဒိုနီးရှားနိုင်ငံရဲ့ ကြီးမားကျယ်ပြန့်တဲ့ သဘာဝသယံဇာတ ကြွယ်ဝမှုကို အကာအကွယ်ပေးရာတွင် တက်ကြွစွာပါဝင်လုပ်ဆောင်ရန် အင်ဒိုနီးရှားစစ်တပ် (TNI) အား တနင်္ဂနွေနေ့က သမ္မတ ပရာဘိုဝီ ဆူဗြန်တိုး က တောင်းဆိုခဲ့ပြီး အင်ဒိုနီးရှား၏ သယံဇာတများကို နိုင်ငံခြားသားတွေက တာဝန်မဲ့ ဆက်လက်အသုံးချနေကြောင်း သတိပေးခဲ့ပါတယ် ။ ( ဂျာကာတာ ဂလုပ်) 


ရေဒီယိုသတ္တိကြွယိုစိမ့်မှုကို ဖယ်ရှားရှင်းလင်းရန် အဆောတလျင် လုပ်ဆောင်နေ 

အင်ဒိုနီးရှား အာဏာပိုင်များက Cesium-137 (Cs-137) ရေဒီယိုသတ္တိကြွညစ်ညမ်းမှုကိုတွေ့ရှိပြီးနောက် ဘန်တန် စက်မှုဇုံကို လျင်မြန်စွာ သုတ်သင်ရှင်းလင်းခဲ့ပြီး ထိတွေ့မှု ရှိခဲ့တဲ့ နေထိုင်သူ ကိုးဦးအား ကုသမှုပေးနေပါတယ်လို့ သိရပါတယ်။ ( ဂျကာတာပို့စ် ) 


ရေလွှမ်းမိုးမှု ထိန်းချုပ်ရေး စုံစမ်းစစ်ဆေးမှုတွင် အလျင်စလိုမလုပ်ဘူးလို့ ဆို 

ဖိလစ်ပိုင် သမ္မတ ဂျူနီယာမားကို့စ် က ၎င်း၏အစိုးရသည် ပီဆိုဘီလီယံနှင့်ချီပြီး သုံးစွဲခဲ့တဲ့ ရေလွှမ်းမိုးမှု ထိန်းချုပ်ရေး ပရောဂျက်များအား စုံစမ်းစစ်ဆေးမှုကို အလျင်စလိုလုပ်ဆောင်မှာမဟုတ်ကြောင်း နဲ့ ညံ့ဖျင်းတဲ့ စုံစမ်းစစ်ဆေးမှုတွေက အစိုးရရဲ့အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးကို လမ်းချော်သွားစေနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ ( ဖိလစ်ပိုင်သတင်းအေဂျင်စီ)


တုပ်ကွေးကာကွယ်ဆေးထိုးခြင်းကို  လက်လီလက်ကား ဆေးဆိုင်တွေမှာလည်း ရနိုင်တယ် 

စင်ကာပူမှာ အစိုးရက တုတ်ကွေးကာကွယ်ဆေး အခမဲ့ ထိုးနှံပေးခြင်း လုပ်နေတာကို နောက်ထပ်တစ်နှစ် ဝန်ဆောင်မှုပေးနေဦးမှာ ဖြစ်တဲ့အပြင် လက်လီဆေးဆိုင်များတွင် တုပ်ကွေးကာကွယ်ဆေးထိုးရန် စမ်းသက်ပို့ပေးတာကို လူကြိုက်များလာတာကြောင့် လက်လီဆိုင်တွေမှာလည်း ဆေးထိုးနိုင်တယ်လို့ သိရပါတယ်။  ( စထရိတ်တိုင်းမ်) 


ထိုင်း နိုင်ငံခြားရေးဝန်ကြီးကို အောက်လွှတ်တော်က ခေါ်ယူမေးမြန်း

ကမ္ဘောဒီးယားနိုင်ငံနဲ့ ရေးထိုးတဲ့ နားလည်မှုစာချွန်လွှာ ၄၃ နဲ့ ၄၄ တို့ ရှုတ်ထွေးမှုတွေရှိနေလို့ သက်ရောက်မှု တွေကို  ရှင်းလင်းပေးဖို့အတွက် ထိုင်းအောက်လွှတ်တော်ရဲ့ နိုင်ငံခြားရေး ကော်မတီက နိုင်ငံခြားရေး ဝန်ကြီး ဆီဟာဆက် ကို အင်္ဂါနေ့တွင် ဆင့်ခေါ် မယ်လို့ သိရပါတယ်။ ( ဘန်ကောက်ပို့စ် ) 


ဗီယပ်နမ်မှာ ဂျာမန် ရင်းနှီးမြှုပ်နှံမှုများက လွှမ်းမိုးထား 

ဗီယက်နမ်နိုင်ငံက ဂျာမန်ရင်းနှီးမြှုပ်နှံသူများအတွက် အဓိကနေရာဖြစ်လာနေပါတယ် ။ ဂျာမန်စီးပွားရေးလုပ်ငန်း ၅၇၀ ခန့်က ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၃.၇ ဘီလီယံ ဖြင့် အလုပ်အကိုင်ပေါင်း ၅သောင်း နီးပါးကို ဖန်တီးပေးထားပါတယ်။ ဟိုချီမင်းစီးတီးက ဂျာမန်စီးပွားရေးလုပ်ငန်းများအတွက် အဓိကအချက်အချာ ဖြစ်နေဆဲဖြစ်ပါတယ် ။ ( ဗီယက်နမ်ပလပ် )


https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)