မြန်မာသံရုံး၊ ဗီယင်နာမြို့က ကြီးမှူး၍ အာဆီယံမိသားစုနေ့ ပျော်ပွဲရွှင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြန်မာသံရုံး၊ ဗီယင်နာမြို့က ကြီးမှူး၍ အာဆီယံမိသားစုနေ့ ပျော်ပွဲရွှင်ပွဲကျင်းပ





ဗီယင်နာ၊ အောက်တိုဘာ ၂၀

ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့အခြေစိုက် အာဆီယံနိုင်ငံသံရုံး/အမြဲတမ်းကိုယ်စားလှယ် အဖွဲ့ရုံးများ၏ အာဆီယံမိသားစုနေ့ပျော်ပွဲရွှင်ပွဲကို မြန်မာသံရုံးက ကြီးမှူးလျက် ၁၉-၁၀-၂၀၂၅ ရက်တွင် ဗီယင်နာမြို့ရှိ ဒိုနောင်းပန်းခြံ၌ ကျင်းပခဲ့သည်။ 

အဆိုပါပျော်ပွဲရွှင်ပွဲဖွင့်ပွဲအခမ်းအနားတွင် အာဆီယံ-ဗီယင်နာကော်မတီ လက်ရှိဥက္ကဋ္ဌ မြန်မာသံအမတ်ကြီး ဦးမင်းသိမ်းနှင့် ဗီယင်နာမြို့တော်ဝန်ကိုယ်စားတက်ရောက်သည့် ဗီယင်နာမြို့၊ ဒိုနောင်းခရိုင်မြို့တော်ဝန်(အုပ်ချုပ်ရေးမှူး) Mr. Ernst Nevrivy တို့က နှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ပါသည်။ ထို့နောက် သံရုံးများအလိုက် သံအမတ်ကြီးများနှင့် သံရုံးယာယီတာဝန်ခံများ၊  သံရုံးဝန်ထမ်းများနှင့်မိသားစုဝင်များက သီချင်းများ၊ အကများဖြင့် သီဆိုဖျော်ဖြေခြင်း၊ အားကစားပွဲများတွင် ပါဝင်ဆင်နွှဲခြင်း၊ အာဆီယံအစားအစာများဖြင့် တည်ခင်းဧည့်ခံခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)