မူဆယ်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း အသိပေးကြေညာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မူဆယ်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်း အသိပေးကြေညာ


မူဆယ်၊ အောက်တိုဘာ ၂၀

၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင်စတင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏အမည်စာရင်းများကို ယနေ့နံနက်ပိုင်းကစတင်ပြီး မူဆယ်မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြေညာထားရှိသည်။

မူဆယ်မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးအနေဖြင့် စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၄ ရက်အထိ သက်ဆိုင်ရာလွှတ်တော် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီစိစစ်ခြင်းကို ဆောင်ရွက်ခဲ့ကြပြီးဖြစ်၍ စိစစ်လက်ခံအတည်ပြုထားသော သက်ဆိုင်ရာလွှတ်တော်မဲဆန္ဒနယ်အလိုက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းကြေညာချက် ပုံစံ (၁၀)၊ ပုံစံ(၁၀-က)နှင့် ပုံစံ(၁၀-ခ)များကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးနှင့် ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင်  အောက်တိုဘာ ၂၀ ရက်တွင် တစ်ပြိုင်တည်းကပ်ထားကြေညာမည်ဖြစ်ကြောင်း သိရသည်။


ချယ်ရီမြေ(မူဆယ်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)