ကလေးတွေကို သေစေနိုင်တဲ့ ချောင်းဆိုးပျောက်ဆေးရည်တိုက်တဲ့ မဒ္ဒယာပရာဒေ့ရှ် ဆရာဝန်ကို ဖမ်းဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကလေးတွေကို သေစေနိုင်တဲ့ ချောင်းဆိုးပျောက်ဆေးရည်တိုက်တဲ့ မဒ္ဒယာပရာဒေ့ရှ် ဆရာဝန်ကို ဖမ်းဆီး




အောက်တိုဘာ - ၆ ( တနင်္လာနေ့ ) 

အန္ဒိယနိုင်ငံ မဒ္ဒယာပရာဒေ့ရှ်ပြည်နယ် ချာဟင်ဝရာမြို့ က ကလေးများကို Coldrif ချောင်းဆိုးပျောက်ဆေးရည် တိုက်လို့ ကလေးငယ် ၁၁ ဦး သေဆုံးမှုနှင့်ပတ်သက်ပြီး အငြင်းပွားမှုများ ဖြစ်ပွားလာလို့ ဆေးပေးတဲ့ ဆရာဝန်ကို တာဝန်ရှိသူတွေက မနေ့မနက်ပိုင်း က ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။  ကလေးအများစုက ပရာရှား ရပ်ကွက်က ကလေးအထူးကုဆရာဝန် ပရာဗင်း ဆိုနီ ရဲ့ ဆေးခန်းတွင် ကုသခဲ့ပါတယ်။ 

ပုဂ္ဂလိကဆေးခန်းကို သွားရောက်ကုသတဲ့ ကလေးငယ်များကို ဆေးရည်ညွှန်းပေးခဲ့တဲ့ အစိုးရဆရာဝန် တစ်ဦးဖြစ်သူ ဆိုနီကိုလည်း ဆေးကုသမှု ဆိုင်းငံ့ထားခဲ့ပါတယ်။ ပြည်နယ် အစိုးရက Coldrif ချောင်းဆိုးပျောက်ဆေးရည်ကို ထုတ်လုပ်တဲ့ တမီးနာဒူးပြည်နယ် ကန်ချီပူရမ်ခရိုင်တွင် အခြေစိုက်တဲ့ ဆရီဆန်ဆေးဝါးစက်ရုံကိုလည်း  တရားစွဲဆိုထားပါတယ်။

အစိုးရက Coldrif ချောင်းဆိုးပျောက်ဆိုးအရည် ရောင်းချခြင်းကို အစောပိုင်းတွင် တားမြစ်ခဲ့ပြီး ဆေးဝါးနမူနာများတွင် ဒိုင်အီသိုင်လင်း ဂလိုက်ကော ၄၈ . ၆ % ပါ၀င်တဲ့အတွက်ကြောင့် လို့ ဆိုပါတယ်။ ချန်နိုင်းမြို့ရှိ ဆေးဝါးစမ်းသပ်ဓာတ်ခွဲခန်းတွင် အစိုးရမူးယစ်ဆေးအကဲဖြတ်သူမှ စမ်းသပ်ထားသည့် ဆေးရည်နမူနာကို တမီလ်နာဒူးမူးယစ်ဆေးထိန်းချုပ်ရေးညွှန်ကြားရေးမှူးရုံးမှ "စံနှုန်းပြည့် အရည်အသွေးမဟုတ်ဘူး" လို့ ကြေညာခဲ့ပါတယ်။

ကြိုတင်ကာကွယ်မှုအနေဖြင့် Coldrif နှင့် အခြားသော ချောင်းဆိုးပျောက်ဆေး 'Nextro-DS' ကို ဒီကနေ့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးက ပိတ်ပင်ခဲ့ပါတယ်။ Coldrif အတွက် စမ်းသပ်မှုအစီရင်ခံစာပြီးနောက် Nextro-DS ရဲ့ အစီရင်ခံစာကိုလည်း စနေနေ့ မှာ တင်မှာဖြစ်ပါတယ်။ 


REF: NDTV

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)