ကြံခင်း၊ အောက်တိုဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်း သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)တွင် သမိုင်းဝင်းဘုရားများ၊ ဘုရားကျောင်းကန်၊ စေတီပုထိုးတော်များတွင် ကုသိုလ်ပြု ဥပုသ်သီလ ဆောက်တည်သူများနှင့် ဘုရားဖူးများဖြင့် စည်းကားလျက်ရှိသည်။
၁၃၈၇ ခု၊ သီတင်းကျွတ်လပြည့်(အဘိဓမ္မာအခါတော်နေ့)တွင် ကြံခင်းမြို့နယ်အတွင်းရှိ ရှေးဟောင်းသမိုင်းဝင် (ဗုဒ္ဓတစ်ထောင်အကောက်တောင်)စေတီတော်မြတ်ကြီး၊ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းတိုက်များ၌ ဗုဒ္ဓဘာသာနွယ်ဝင် များက ဥပုသ်သီလဆောက်တည်ခြင်း၊ အဟာရ ဒါနကျွေးမွေးလှူဒါန်းခြင်း၊ စတုဒိတာကျွေးမွေး ကုသိုလ်ပြုသူများ၊ ဆွမ်း၊ ရေချမ်း၊ ပန်း၊ ဆီမီး၊ သစ်သီးဆွမ်း ကပ်လှူပူဇော်ခြင်း၊ ကုသိုလ်ပြုသူများ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
ဖြိုးဝေလင်း
https://t.me/MyanmarNationalPost




No comments:
Post a Comment