ကျောက်တန်းမြို့နယ်၊ ဝဲကြီးကျေးရွာတွင် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်တန်းမြို့နယ်၊ ဝဲကြီးကျေးရွာတွင် မိုးစပါးစံကွက်ရိတ်သိမ်းပွဲ ကျင်းပ




ကျောက်တန်း  ၊ အောက်တိုဘာ ၃၀


ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်တွင် မိုးစပါးစံကွက် ရိတ်သိမ်းပွဲကို ဝဲကြီးကျေးရွာအုပ်စုရှိ မိုးစပါးဧက (၂၀.၀၀) စံပြစိုက်ခင်း၌ ယနေ့နံနက်   ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါအခမ်းအနားသို့ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမျိုးသန်း၊ ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ မြို့နယ်စိုက်ပျိုး​ရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊  စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ နှင့်တောင်သူများ၊ စုစုပေါင်းအင်အား(၃၈)ဦး၊ ဝဲကြီးကျေးရွာအုပ်စုရှိ မိုးစပါးဧက (၂၀.၀၀) စံပြကွက်၌ တောင်သူ ဦး​မြင့်ဦးပိုင်ဆိုင်သော ကွင်းအမှတ် (၆၄၄)၊ ဦးပိုင်အမှတ်(၄၃)၊ ဧရိယာ(၂၀.၀၀)ဧကတွင် ဘောင်စနစ်ဖြင့် ပျိုး​ထောင်စိုက်ပျိုးထားသော မှော်ဘီ-၃ စပါးမျိုးအား စံကွက်ရိတ်သိမ်းခဲ့ရာ နိုဆီဘူး အစိုအထွက်နှုန်း (  ၁၀၉.၃၇  ) တင်း ၊ အခြောက်အထွက်နှုန်း ( ၁၀၆.၀၉ ) တင်း  ထွက်ရှိကြောင်း သတင်းရရှိသည်၊၊


နေလင်းကျော် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)