ရှေ့တန်းမှာ မီဒီယာသမားတွေကို ဘေးကင်းစေရမယ်လို့ ပူတင် ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ရှေ့တန်းမှာ မီဒီယာသမားတွေကို ဘေးကင်းစေရမယ်လို့ ပူတင် ဆို


အောက်တိုဘာ - ၃၁ ( သောကြာနေ့ ) 

ရုရှားသမ္မတ ဗလာဒီမာပူတင်က လက်ရှိ ရှေ့တန်းမှာ ရုရှားတပ်တွေ ဝန်းရံခံထားရတဲ့ ယူကရိန်းတပ်တွေဆီ သွားရောက်ဖို့ ကြိုးပမ်းနေတဲ့ သတင်းထောက်တွေကို ဘေးကင်းလုံခြုံစွာ ဖြတ်သန်းခွင့် အာမခံချက်ပေးဖို့ ညွှန်ကြားချက်ထုတ်ပေးထားတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက မနေ့က  ကြေညာလိုက်ပါတယ်။

နိုင်ငံတကာ နဲ့ ယူကရိန်းမီဒီယာများက လက်ရှိရုရှားတပ်တွေ အဝိုင်းခံထားရတဲ့ ခရာစနိုရာမက်စ်၊ ဒီမီထရော့ဗ် နဲ့ ကပ်ယန်စကီ ဒေသတွေမှာ ယူကရိန်းစစ်တပ်တွေရဲ့အခြေအနေတွေကို သက်သေပြဖို့နဲ့ သတင်းရေးနိုင်ဖို့အတွက် သတင်းသမားတွေကို ၆ နာရီကြာ တွေ့ဆုံခွင့်ပေးနိုင်ဖို့ လမ်းကြောင်းဖွင့်ပေးမယ်၊ နောက်ပြီး ဘေးကင်းစေရမယ် လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ 

ရှေ့တန်းစစ်မျက်နှာတွင် ယူကရိန်းတပ်ဖွဲ့ဝင် ထောင်ပေါင်းများစွာ ဝိုင်းရံပိတ်ဆို့ထားနိုင်လိုက်ပြီဆိုတဲ့ သတင်းကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာပြီး ရက်ပိုင်းအကြာအတွင်းမှာပဲ ရုရှားသမ္မတ ဗလာဒီမာပူတင်က အဆိုပါအကြံဉာဏ်ကို ကနဦး အဆိုပြုခဲ့ပါတယ်။ 

ရှေ့တန်းကလာတဲ့ ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက်များကို ရရှိပြီးနောက်မှာ ပူတင်က ယူကရိန်းစစ်သားတွေ အရင်တုန်းကလို ဂုဏ်သိက္ခာရှိရှိနဲ့ လက်နက်ချ အညံခံစေလိုကြောင်း မက်လုံးပေးခဲ့ပါတယ်။ ၂၀၂၂ ခုနှစ်တုန်း မာရီယူပေါ် က အာဇော့စတယ်သံမဏိစက်ရုံကို ရုရှားစစ်တပ်ဝိုင်းရံမိတုန်းက ယူကရိန်းစစ်သားတွေနဲ့ သူတို့ရဲ့အဖော် နိုင်ငံခြားကြေးစားစစ်သားတွေ လက်နက်ချ အညံ့ခံခဲ့ဖူးပါတယ်။ အခုလည်း အဝိုင်းခံထားရတဲ့ ယူကရိန်းစစ်တပ်တွေ လက်နက်ချ အညံ့ခံမယ်ဆိုရင်လည်း လက်ခံဖို့အတွက် ပူတင်က ကာကွယ်ရေးဝန်ကြီးဌာနကို တောင်းဆိုထားပါတယ်။ 

"ဂျာနယ်လစ်အဖွဲ့တွေကို အဲဒီအခြေချနေထိုင်ရာနေရာတွေကို သွားပြီး ဘာတွေဖြစ်နေလဲဆိုတာ ကြည့်ပါ။ ယူကရိန်းစစ်မှုထမ်းအဖွဲ့ဝင်တွေနဲ့ စကားပြောပြီး ထွက်သွားနိုင်ပါတယ်။ ကျနော်စိုးရိမ်တာတစ်ခုပဲ ရှိပါတယ်။ ယူကရိန်းစစ်သားတွေကို ခင်ဗျားတို့ ဂျာနယ်လစ်တွေက သွားပြီး မဆွပေးရင် ရပါပြီ” လို့ ပြောသွားပါတယ်။ 

ယူကရိန်းကတော့ ရုရှားတွေက စစ်မြေပြင်အောင်မြင်မှုများကို လွန်ကဲစွာဖော်ပြနေတယ်လို့ ဆိုပြီးတော့ ငြင်းဆိုထားပါတယ်။  မီဒီယာတွေအဆိုအရတော့ ယူကရိန်းသမ္မတ ဇီလန်စကီး က အနောက်နိုင်ငံတွေက အလှူငွေတွေ မလာမှာစိုးလို့ ရှေ့တန်းတိုက်ပွဲတွေမှာ ရှုံးနေတာကို လူသိမခံစေချင်ဘူး လို့ ဖော်ပြကြပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)