သံဖြူဇရပ်မြို့နယ်ရှိ မြန်မာ့စိန်လင်းသစ်ခွဲသားစက်ရုံအား မီး​​ဘေးလုံခြုံရေးစစ်‌ဆေး​ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံဖြူဇရပ်မြို့နယ်ရှိ မြန်မာ့စိန်လင်းသစ်ခွဲသားစက်ရုံအား မီး​​ဘေးလုံခြုံရေးစစ်‌ဆေး​




သံဖြူဇရပ်  ၊ ​အောက်တိုဘာ ၃၁


မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ စက်ရုံအလုပ်ရုံများ မီးဘေးလုံခြုံ​ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ​အောက်တိုဘာ ၂၉ ရက် နံနက်ပိုင်းက မော်လမြိုင်​ရေးကားလမ်း​ပေါ်ရှိ ဝဲကလိ​ကျေးရွာ မြန်မာ့စိန်လင်းသစ်ခွဲသားစက်ရုံအား သွား​ရောက်စစ်​ဆေးသည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးမြင့်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦး​အောင်ကျော်​ထွေးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ​ရေးအဖွဲ့၊ မြို့နယ်လျှပ်စစ်ဓါတ်အား ဖြန့်ဖြူး​ရေးလုပ်ငန်းစသည့် မြို့နယ်မီး​ဘေးလုံခြုံရေးအဖွဲ့ဖြင့် သွားရောက်၍ ဝဲကလိ​ကျေးရွာရှိ မြန်မာ့စိန်လင်းသစ်ခွဲသားစက်ရုံ၏ မီးဘေးအန္တရာယ်မှ ကင်းဝေးစေ​ရေး ကြိုတင်ကာကွယ်နိုင်​ရေးအတွက် စက်ရုံအတွင်းရှိဘွိုင်လာများ၊ မီးသတ်ဆေးဘူးများ၊ လျှပ်စစ်မီးကြိုးများသွယ်တန်းထားရှိမှု၊ ​ရေသို​လှောင်ထားရှိမှု၊ မီးသတ်ပန့် နှင့်တပ်ဆင်ထားသည့် Hydrants ငုတ်များ ​ရေထွက်အား​ကောင်း/ မ​ကောင်း၊ စက်ယန္တရားများ တပ်ဆင်ထားရှိမှုနှင့် စွန့်ပစ်ပစ္စည်းများစနစ်တကျထားရှိ​ရေးတို့ကို လိုက်လံစစ်‌ဆေးဆောင်ရွက်ခဲ့ကြပြီး လိုအပ်သည်များကို အကြံပြု​​​ပြောကြားခဲ့​ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)