မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၄-၂၀၂၅ တက္ကသိုလ်ပညာသင်နှစ် တပ်ဖွဲ့ဝင်များ မိုးရာသီစခန်းချလေ့ကျင့်ရေး သင်တန်း‌ဆင်းပွဲအခမ်းအနား တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ၂၀၂၄-၂၀၂၅ တက္ကသိုလ်ပညာသင်နှစ် တပ်ဖွဲ့ဝင်များ မိုးရာသီစခန်းချလေ့ကျင့်ရေး သင်တန်း‌ဆင်းပွဲအခမ်းအနား တက်ရောက်




မော်လမြိုင်  ၊ အောက်တိုဘာ ၃၁


ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ပြည်သူစစ်နှင့် နယ်ခြား‌တပ်များ ညွှန်ကြားရေးမှူးရုံး၊ အမှတ်(၃)တက္ကသိုလ်လေ့ကျင့်ရေးတပ်၊ ၂၀၂၄-၂၀၂၅ တက္ကသိုလ်ပညာသင်နှစ် တပ်ဖွဲ့ဝင်များ မိုးရာသီစခန်းချ လေ့ကျင့်ရေးသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ချောင်းဆုံမြို့နယ်၊ အမှတ်(၆)တိုက်ပွဲဝင်စည်းရုံးရေး သင်တန်းကျောင်း၊ ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်အတွင်းရှိ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများကို သင့်လျော်ကိုက်ညီသော စစ်ပညာများ သင်ကြားတတ်မြောက်ပြီး စိတ်ဓာတ်၊ စည်းကမ်းကောင်းမွန်‌စေရန်နှင့် ကျန်းမာကြံ့ခိုင်မှု ရှိစေရန်အတွက် စစ်ပညာကို လေ့ကျင့်သင်ကြားပေးပြီး နောင်တစ်ချိန်မှာ နိုင်ငံတော်အတွက် အရန်အင်အားစုတစ်ခု တည်ဆောက်ရန်ရည်ရွယ်၍ သင်တန်းဖွင့်ရခြင်း ဖြစ်ကြောင်း၊ ယခုသင်တန်းသည် နောင်တစ်ချိန်မှာ တပ်မတော်သို့ ဝင်ရောက် တာဝန်ထမ်းဆောင်လိုသူ တပ်ဖွဲ့ဝင်များအတွက် အခြေခံကောင်း၊ အထောက်အကူကောင်းတစ်ခုဖြစ်သလို နိုင်ငံတော်ကာကွယ်ရေးအတွက် နိုင်ငံသားကောင်းများပေါ်ထွန်းလာမှာဖြစ်ကြောင်း၊ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများဟာ တက္ကသိုလ်လေ့ကျင့်ရေးတပ်၊ တပ်ဖွဲ့ဝင်များဖြစ်တဲ့အတွက် နိုင်ငံတော်ကာကွယ်ရေးအတွက် နိုးကြားတက်ကြွစွာဖြင့် စစ်ပညာများကို ဆက်လက်ပြီးလေ့လာ၊ လေ့ကျင့်၊ လိုက်နာပြီး သင်ယူသွားကြရန်နှင့် ပြည်သူလူထုရဲ့အားကိုး ယုံကြည်မှုကို ရရှိအောင်နေထိုင်သွားကြရန် တိုက်တွန်းလိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။


ထို့နောက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူးက သင်တန်းဆင်းမိန့်ခွန်းပြောကြားခဲ့ပြီး ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက သင်တန်းအကောင်းဆုံးစံပြဆုရ တပ်ဖွဲ့ဝင်သင်တန်းသား၊ သင်တန်းသူများအား လည်းကောင်း၊ သေနတ်ပစ်အကောင်းဆုံးဆု(အမှတ်လိုက်/ ကျည်စု)ရ တပ်ဖွဲ့ဝင် သင်တန်းသား၊ သင်တန်းသူများအား လည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့သည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မိုးရာသီစခန်းချလေ့ကျင့်ရေးသင်တန်း‌ အမှတ်တရလက်ဆောင်ကို (အမှတ် (၃)တက္ကသိုလ်လေ့ကျင့်ရေးတပ် တပ်ရင်းအကြံပေးအဖွဲ့ဥက္ကဋ္ဌ) မော်လမြိုင်တက္ကသိုလ် ပါမောက္ခချုပ်အား ပေးအပ်ခဲ့ပြီး တပ်ဖွဲ့ဝင် သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အား​ပေးခဲ့ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)