နေပြည်တော်မြို့အဝင်မုခ်ဦး တည်ဆောက်မည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နေပြည်တော်မြို့အဝင်မုခ်ဦး တည်ဆောက်မည်


နေပြည်တော်၊ အောက်တိုဘာ ၂၇

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့က တာဝန်ရှိသူများလိုက်ပါ၍ နေပြည်တော်ကောင်စီနယ်မြေအတွင်း မြို့ပြဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်နေမှုနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များလမ်းညွှန်မှာကြားသည်။

ယင်းနောက် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌသည် အဖွဲ့ဝင်များလိုက်ပါ၍ ရာဇသင်္ဂဟလမ်းပေါ်၌ နေပြည်တော်မြို့အဝင်မုခ်ဦးတည်ဆောက်ရန် လျာထားနေရာသို့ရောက်ရှိကြပြီး မြို့အဝင်မုခ်ဦးတည်ဆောက်နိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ တာဝန်ရှိသူများ၏တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားသည်။

နေပြည်တော်မြို့အဝင်မုခ်ဦး တည်ဆောက်ရန် ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (၁၆) ရက်နေ့မှစတင်ပြီး နေပြည်တော်စည်ပင်သာယာရေးကော်မတီ (NPTDC) က နေပြည်တော်မြို့အဝင်မုခ်ဦး Conceptual Design ရေးဆွဲရန် စိတ်ဝင်စားသူများကို ဖိတ်ခေါ်ခဲ့သည်။

မုခ်ဦးအလျားခန့်မှန်း ၂၀၀ ပေခန့်၊ အနံ ၅၀ပေခန့် (Clear Span ၁၁၈ ပေ)၊ အခြေခံပုံစံအဖြစ် မုခ်ဦးအဆောက်အဦသည် လမ်းလယ်ကျွန်း မပါသော ၄ လမ်းသွား (8 Lanes)လမ်းအား မိုးထားသည့်ပုံစံအဖြစ် လျာထားရေး ဆွဲရန်နှင့် အခမ်းအနားများကျင်းပသည့်အချိန်တွင် ယာဉ်များ ရှောင်ကွင်းသွားလာရန် အတွက် မုခ်ဦး၏ ဘယ်/ညာတွင် 2 Lanes လမ်းများ လျာထားရေးဆွဲရန်၊  အဓိကလမ်းမကြီးဖြစ်သော ၄ လမ်းသွားလမ်းနှင့် ရှောင်ကွင်းလမ်း ( 2 Lanes လမ်း) ကြားရှိ မြေဧရိယာအား Landscaping Area အဖြစ် ဆောင်ရွက်သွားရန်၊ မုခ်ဦးပုံစံတွင် မြန်မာမှု စုလစ်မွမ်းချွန်ပုံစံ ( Classis Design)များ ထည့်သွင်းရေးဆွဲရန် ဟူသော သတ်မှတ်ချက်များအနှင့်အညီ နေပြည်တော်မြို့အဝင်မုခ်ဦး Conceptual Design ရေးဆွဲရန် ဖိတ်ခေါ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)