အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ဘောလုံးကွင်းသို့ သွားရောက် စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ဘောလုံးကွင်းသို့ သွားရောက် စစ်ဆေး






ရန်ကုန်၊ အောက်တိုဘာ ၅

ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၅)ရပ်ကွက် ပုလဲရတနာလမ်းရှိ မြို့နယ် ဘောလုံးအားကစားကွင်းသို့ (၅-၁၀-၂၀၂၅)ရက်နေ့ (၁၀ ၀၀)အချိန်တွင် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင် နှင့် ညွှန်ချုပ်ဦးဉာဏ်ဇော်ဦး နှင့်အဖွဲ့တို့မှ လာရောက်စစ်ဆေးကြည့်ရှု စစ်ဆေးခဲ့သည်။ 

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလွင်၊ လက်ထောက်ညွှန်ကြားရေးမှူး ရဲကျော်သူ(အား/ကာ)၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မိုးသီဟကျော်၊ မြို့နယ်အားကာဦးစီးမှူး ဒေါ်ပြုံးသန့်ခိုင်နှင့်အဖွဲ့တို့မှ ကြိုဆိုကြပြီး ဝန်ကြီးမှ ဆရာအတက်သင်ပညာဦးစီးဌာန၊ ၂၀၂၅ခုနှစ်၊ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ၊ ရန်ကုန်ဇုန်(၂)၊ အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပမည့် ကိစ္စနှင့်ပတ်သက်၍ အားကစားကွင်းနေရာအားစစ်ဆေးခြင်း၊ အားကစားဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားကစားကွင်း/ အားကစားရုံများအား လိုက်လံကြည့်ရှုစစ်ဆေးခြင်းဖြစ်ပြီး တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည့်များညွှန်ကြားခဲ့ပြီး (၁၀ ၃၀)အချိန်တွင် ပြန်လည်ထွက်ခွာကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)