မလိုအပ်ဘဲ စစ်စရိတ်တွေ သုံးနေလို့ ဆွီဒင်အစိုးရကို ဘီလ်ဂိတ်က ဝေဖန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မလိုအပ်ဘဲ စစ်စရိတ်တွေ သုံးနေလို့ ဆွီဒင်အစိုးရကို ဘီလ်ဂိတ်က ဝေဖန်


အောက်တိုဘာ - ၅ ( တနင်္လာနေ့ ) 

အမေရိကန် ဘီလီယံနာ ဘီလ်ဂိတ်က ဆွီဒင်နိုင်ငံက နိုင်ငံတကာ အကူအညီပေးရေး အစီအစဉ်များအတွက် ထားထားတဲ့ ဘဏ္ဍာရေးဆိုင်ရာ ကတိကဝတ်တွေကို ဖြတ်တောက်ပြီး ဆွီဒင်စစ်တပ်အတွက် ငွေကြေးပိုမို အသုံးပြုနေမှုကို ဝေဖန်ခဲ့ပါတယ်။ 

ဗုဒ္ဓဟူးနေ့က ဆွီဒင်သတင်းစာတစ်စောင်နှင့် အင်တာဗျူးတစ်ခုတွင် ကမ္ဘာတစ်ဝှမ်းရှိ ပရဟိတ ပရောဂျက် များစွာတွင် ပါဝင်ပတ်သက်မှုကြောင့် လူသိများတဲ့ ဂိတ် က ယခုနှစ်အတွင်း စကင်ဒီနေးဗီးယားနိုင်ငံ တစ်နိုင်ငံ ဖြစ်တဲ့ ဆွီဒင်ရဲ့ ဘတ်ဂျက်ဥပဒေကြမ်းတွင် ကမ္ဘာတစ်ဝှမ်းမှာဖြစ်နေတဲ့ အေအိုင်ဒီအက်စ်၊ တီဘီရောဂါ နဲ့  ငှက်ဖျားရောဂါတိုက်ဖျက်ရေး အဖွဲ့အစည်းဖြစ်သည့် Global Fund အတွက် ခွဲတမ်း မပါတဲ့အတွက် စိတ်မကောင်းဖြစ်ရကြောင်း ပြောသွားပါတယ်။ 

စတော့ဟုမ်းအစိုးရရဲ့ တိုးပွားလာတဲ့ စစ်အသုံးစရိတ်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးရာတွင် အဆိုပါပြဿနာကို “ပိုမိုဆွေးနွေးသင့်တယ်” လို့ ဂိတ်က ပြောပါတယ်။ "ဒါက လူတွေကို မြင်စေချင်နေတာလား၊ တကယ်ပဲလိုအပ်လို့လား" လို့ သူက မေးပါတယ်။ နိုင်ငံခြားကုန်သွယ်ရေးဝန်ကြီး ဘန်ဂျမင်ဒူဆာ က တိုင်းပြည်ရဲ့ ဦးစားပေးမှု အပြောင်းအလဲကို ခုခံကာကွယ်ခြင်းဖြင့် တုံ့ပြန်ခဲ့ပါတယ်။ “အနာဂတ်မှာ ကျနော်တို့ရဲ့ ကလေးတွေကို ရုရှားစကား မပြောစေချင်ဘူးဆိုရင်တော့ ခိုင်မာတဲ့ ကာကွယ်ရေး တစ်ခု လိုအပ်ပါတယ်” လို့ ပြောသွားပါတယ်။ 

၂၀၂၂ ခုနှစ် ယူကရိန်းပဋိပက္ခ ပြင်းထန်လာပြီးနောက် ဆွီဒင်က ကြားနေနိုင်ငံအဖြစ်ကို စွန့်လွှတ်ခဲ့ပြီး နေတိုး NATO အဖွဲ့ဝင်အဖြစ် လျှောက်ထားခဲ့ပါတယ်။ ဇူလိုင်လတွင် နိုင်ငံပိုင်ရုပ်သံလွှင့်ဌာန SVT မှ ဆွီဒင်အစိုးရသည် စစ်မှုထမ်းဟောင်းများအား အမြင့်ဆုံးအသက် ၄၇ မှ ၇၀ သို့  သက်မှတ်ပြဋ္ဌာန်းလိုက်ပါတယ်။ လက်ရှိ စစ်သားပမာဏကို ၂၀၃၀ ရောက်ရင် ၂ ဆ ဖြစ်စေတဲ့ တစ်သိန်းကျော်ဖြစ်ရန် ရည်ရွယ်ထားပါတယ်။ 

ဆွီဒင် ပါလီမန်က ယခုနှစ် အစောပိုင်းတွင် လက်နက်ကိုင် တပ်ဖွဲ့များအတွက် နောက်ထပ် ခရိုနာ ၃၀၀ ဘီလီယံ (ဒေါ်လာ ၃၁.၄ ဘီလီယံ) သုံးစွဲရန် ကတိပြုထားသည့် ဥပဒေ တစ်ရပ်ကိုပြဋ္ဌာန်းခဲ့ပြီး နှစ်စဉ် ဘတ်ဂျက် တိုးမြှင့်မှုဖြင့် ကတိပြုခဲ့ပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)