အောက်တိုဘာ - ၅ ( တနင်္ဂနွေ )
ပြီးခဲ့သည့်လက ဂါဇာစီးတီးကို ထိုးစစ်မစတင်မီတည်းက အစ္စရေးက ၎င်းရဲ့တပ်တွေကို ရုပ်သိမ်းရန် သဘောတူခဲ့ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ အကောင်အထည် ဖော်ဖြစ်မယ်ဆိုပါက အဲ့ဒိလိုက်လျောမှုက ကျန်ရှိနေသည့် အစ္စရေး ဓားစာခံများအားလုံးကို လွှတ်ပေးရန် ဟားမတ်စ်တို့ အဆိုပြုထားတဲ့ သဘောတူညီချက်ရဲ့တစ်စိတ်တစ်ပိုင်း ဖြစ်လာမှာ ဖြစ်ပါတယ်။
"ဟားမတ်စ်တွေဘက်က အတည်ပြုပေးလိုက်ပြီးတာနဲ့ အပစ်အခတ်ရပ်စဲရေးက ချက်ချင်းထိရောက်သွားမယ်၊ ဓားစာခံတွေနဲ့ အကျဉ်းသားလဲလှယ်ရေးတွေ စတင်တော့မှာ ဖြစ်ပြီး ဆုတ်ခွာမယ့်အဆင့်အတွက် အခြေအနေတွေကို ဖန်တီးပေးမှာ ဖြစ်ပါတယ်။ နှစ်၃၀၀၀ တောင်ကြာပြီဖြစ်တဲ့ အဲ့ဒိကပ်ဘေးကြီးကို ကျနော်တို့ ဖယ်ရှားနိုင်တော့မှာ ပဲ ဖြစ်ပါတယ်။ ဒီကိစ္စကို အာရုံစိုက်ပြီး စောင့်မျှော်ကြည့်ရှုပေးတဲ့အတွက် လူတွေကိုလည်း ကျေးဇူးတင်ပါတယ်" လို့ ထရမ့်က သူ့ရဲ့ ထရုသ် ဆိုရှယ်မီဒီယာမှာ မနေ့က ရေးတင်ခဲ့ပါတယ်။
ထရမ့်ထုတ်ပြတဲ့ လမ်းပြမြေပုံမှာ ဂါဇာစီးတီးကို အစ္စရေးရဲ့ ထိုးစစ်မတိုင်မီ အစ္စရေးစစ်တပ်ရဲ့ ထိန်းချုပ်မှုမျဉ်းနဲ့ အကြမ်းဖျင်းဆက်စပ်နေတဲ့ ကနဦးဆုတ်ခွာမျဉ်းကို ပြသထားပါတယ်။ တိုင်းမ်အော့ အစ္စရေးသတင်းဌာန အဆိုအရ အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က ထိုအချိန်က ဂါဇာကမ်းမြောင်၏ ၇၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားတယ်လို့ သိရပါတယ်။
အစ္စရေးနှင့် ဟားမတ်စ်နှစ်ဘက်လုံးက အကျဉ်းသားလဲလှယ်ရေးလုပ်ဆောင်ရန် ထရမ့်ရဲ့ အစီအစဉ်ကို အကြိုသဘောတူထားတာကြောင့် အစ္စရေး စစ်တပ်က “ခုခံစစ်ဆင်ရေး” အတွက် ကန့်သတ်ထားရဦးမယ် လို့ အစောပိုင်းတွင် ပြောကြားခဲ့ပါတယ်။ မနေ့ကညနေ ရုပ်မြင်သံကြားမိန့်ခွန်းမှာ အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်း နေတန်ယာဟုက IDF ဟာ ဂါဇာကမ်းမြောင်မှာ ကျန်ရှိနေချိန်မှာ ဓားစာခံတွေကို လာမယ့်ရက်တွေမှာ ပြန်ရလိမ့်မယ်လို့ မျှော်လင့်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
REF; RT
https://t.me/MyanmarNationalPost

No comments:
Post a Comment