အောက်တိုဘာ - ၂၀ ( တနင်္လာနေ့ )
အောက်တိုဘာ ၁၇ ရက်က ကွာလာလမ်ပူမြို့၌ ပြုလုပ်သည့် မလေးရှား၊ အမေရိကန်၊ ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံ လေးပွင့်ဆိုင်တွေ့ဆုံမှုလုပ်ခဲ့တဲ့နေရာမှာ ထိုင်း-ကမ္ဘောဒီးယား ဆက်ဆံရေး ကြေငြာချက် မူကြမ်း ရေးဆွဲရာတွင် ထင်သာမြင်သာရှိသော တိုးတက်မှုများ ရရှိခဲ့ကြောင်း၊ နှစ်နိုင်ငံအကြား ပြဿနာများ ဖြေရှင်းရန်နှင့် နှစ်နိုင်ငံအကြား ပုံမှန်ဆက်ဆံရေး ပြန်လည်တည်ဆောက်ရန် မူဘောင်များ ချမှတ်နိုင်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် က ပြောကြားခဲ့ပါတယ်။
အထူးသဖြင့် ဝန်ကြီးချုပ်နှင့် ပြည်ထဲရေးဝန်ကြီး က ထိုင်းနိုင်ငံ၏ ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရေး အခြေအနေလေးရပ်ဖြစ်တဲ့ လက်နက်ကြီးများ ရုပ်သိမ်းခြင်း၊ နယ်စပ်တစ်လျှောက် မြေမြှုပ်မိုင်းများ ပူးပေါင်းရှင်းလင်းရေး၊ အွန်လိုင်း လိမ်လည်လှည့်ဖြားမှုများ ရှင်းလင်းရေး နဲ့ နယ်စပ်ကျူးကျော်မှုပြဿနာ ဖြေရှင်းရေး တို့ကို အဓိကထား ဆွေးနွေးခဲ့ပါတယ်။
ထိုင်းနှင့် ကမ္ဘောဒီးယားကြား ဆွေးနွေးပွဲသည် တပ်ဖွဲ့ဝင်များ ဆုတ်ခွာရေးနှင့် မိုင်းရှင်းလင်းရေးဆိုင်ရာ သဘောတူညီချက်တစ်ရပ် ရရှိထားပြီးဖြစ်ကြောင်း နဲ့ အောက်တိုဘာလ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ ထိုင်း-ကမ္ဘောဒီးယား အထွေထွေ နယ်ခြားကော်မတီ (GBC) အစည်းအဝေးတွင် အသေးစိတ် အစီအစဉ်များ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဆီဟာဆက် က မှတ်ချက်ပေးခဲ့ပါတယ်။
ထိုင်း-ကမ္ဘောဒီးယား ဆက်ဆံရေး ပူးတွဲကြေငြာချက် ရေးဆွဲရာတွင် လေးပွင့်ဆိုင် ဆွေးနွေးပွဲသည် တိုးတက်မှု ရှိခဲ့တယ် လို့ ဆိုပေမဲ့ ထိုင်းနိုင်ငံသည် ရှင်းလင်းသော အရေးယူဆောင်ရွက်မှု အစီအစဉ်များ နဲ့ သဘောတူညီထားသည့် အစီအမံများနဲ့ ပတ်သက်ပြီး လက်တွေ့လုပ်ဆောင်မှု မရမချင်း ကမ္ဘောဒီးယား အကျဉ်းသား ၁၈ ဦးကို မလွှတ်ပေးနိုင်သေးကြောင်း ပြောကြားခဲ့ပါတယ်။
REF: The Nation
https://t.me/MyanmarNationalPost

No comments:
Post a Comment