တွံတေးမြို့နယ်တွင် လွှတ်တော်အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများ ကပ်ထားကြေညာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တွံတေးမြို့နယ်တွင် လွှတ်တော်အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများ ကပ်ထားကြေညာ



တွံတေး၊ အောက်တိုဘာ ၂၀

၂၀၂၅ ခုနှစ် ဒီဇင်ဘာလ(၂၈)ရက်နေ့၌ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းများ၏ အမည်စာရင်းများကို တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့က စိစစ်ရွေးချယ်ခဲ့ပြီး ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်ရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးနှင့် သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများ၌ မြို့နယ်အတွင်းရှိ ပြည်သူများ သိရှိလေ့လာနိုင်စေရန် ကပ်ထားကြေညာ ပေးလျက်ရှိကြောင်း သိရသည်။

တွံတေးမြို့နယ်တွင် မဲရုံပေါင်း (၂၂၀) ရုံရှိပြီး  ပထမအကြိမ် မဲစာရင်းကပ်ထား ကြေညာချိန်၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ (၂၁၂၀၁၂) ထိရှိရာ ၂၀၂၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် နေရာအတွက်(၈)ဦး၊ အမျိုးသားလွှတ်တော် အချိုးကျကိုယ်စားလှယ်(PR)မဲဆန္ဒနယ်(၂)တွင် (၈) ဦး၊ အမျိုးသားလွှတ်တော်မဲအများဆုံးရသူ(FPTP)တွင် ကိုယ်စားလောင်း (၈) ဦး၊ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် မဲအများဆုံးရသူ အနိုင်ယူစနစ်(FPTP)တွင် (၇) ဦး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တွင် (၉) ဦး၊ တိုင်းဒေသကြီးလွှတ်တော်တိုင်ရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ် ကရင်တိုင်းရင်းသားလူမျိုး (၄) ဦး၊ တိုင်းဒေသကြီးလွှတ်တော် တိုင်ရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ် ရခိုင်တိုင်းရင်းသားလူမျိုး (၇) ဦး စုစုပေါင်း (၅၁) ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်  အရွေးချယ်ခံ ကြမည်ဖြစ်ကြောင်း သိရှိရသည်။


မျိုးလှိုင် (တွံတေး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)