ကျွန်တော်တို့နိုင်ငံရဲ့ အန္တိမရည်မှန်းချက်ဖြစ်တဲ့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုစနစ်တည်ဆောက်ရာမှာ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအနေနဲ့ ဒီမိုကရေစီရဲ့ကျင့်စဉ်အရ အနည်းစုရဲ့ဆန္ဒကို လေးစားတန်ဖိုးထားရမှာဖြစ်ပြီး ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ထူထောင်ဖို့၊ ဒီမိုကရေစီစနစ်မယိုင်လဲစေဖို့အတွက် ဒီမိုကရေစီစိတ်မွေးဖို့၊ စည်းကမ်းစနစ်ကျနတဲ့ ဥပဒေကိုလေးစား တန်ဖိုးထားလိုက်နာတဲ့ မြန်မာ့လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်ဖြစ်ပေါ်လာဖို့ ဝိုင်းဝန်းဆောင်ရွက်ကြရမှာဖြစ်ပါတယ်။ ဒီမိုကရေစီဆိုတာ သုံးတတ်ရင် နိုင်ငံနဲ့ပြည်သူတွေအတွက် အကျိုးရှိမှာဖြစ်သော်လည်း မသုံးတတ်ပါက ယင်းစနစ်မအောင်မြင်တဲ့အပြင် မိမိနိုင်ငံရဲ့ဖြစ်တည်မှု၊ လူမျိုး၊ ဘာသာရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှုတွေ ဆုံးရှုံးသွားနိုင်တာကို သတိပြုရမှာဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့တိုင်းရင်းသား ပြည်သူလူထုအားလုံးက အသိတရား၊ သတိတရားများနဲ့ ဝိုင်းဝန်းအကောင်အထည်ဖော် ဆောင်ရွက်ကြရမှာပဲဖြစ်ပါတယ်။
https://t.me/MyanmarNationalPost

No comments:
Post a Comment