နေပြည်တော်၊ အောက်တိုဘာ ၂၉
ပြည်ခိုင်ဖြိုးပါတီ (USDP) ဥက္ကဋ္ဌ ဦးခင်ရီသည် လာမည့် ၂၀၂၅ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် နေပြည်တော်၊ ဇေယျာသီရိ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ရွေးကောက်ပွဲအတွက် အာမခံချက် (၁၅)ချက်ကို ကိုယ်စားလှယ်လောင်း မိတ်ဆက်လွှာနှင့်အတူ ထုတ်ပြန်ထားသည်။
ပြည်ခိုင်ဖြိုးပါတီ (USDP) အနေဖြင့် "ပိုမိုခိုင်မာ ပြည်မြန်မာ" ဟူသော ဆောင်ပုဒ်ကို ရွေးကောက်ပွဲ အောင်နိုင်ရေး ဆောင်ပုဒ်အဖြစ် အသုံးပြုထားပြီး ဦးခင်ရီ၏အာမခံချက်များတွင် -
(၁) တရားဥပဒေစိုးမိုးရေးအတွက် စိတ်ချစေရမည်။
(၂) စားဝတ်နေရေး ပိုမိုအဆင်ပြေလာစေရမည်။
(၃) တောင်သူလယ်သမားများ ကြွေးမြီသံသရာမှ လွတ်မြောက်၍ ဘဝသစ်ကို ပိုင်ဆိုင်စေရမည်။
(၄) အလုပ်သမားများကဏ္ဍအဆင်ပြေစေရမည်။
(၅) ဝန်ထမ်း/အငြိမ်းစားများ ဘဝ ပိုမိုတိုးတက်စေရမည်။
(၆) လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်စေရမည်။
(၇) မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးနှင့် လူကုန်ကူးမှု၊ လူမှောင်ခိုမှုများကို ထိရောက်စွာတိုက်ဖျက်သွားမည်။
(၈) အမျိုးသမီးနှင့် ကလေးသူငယ်များ ဘဝ လုံခြုံစေရမည်။
(၉) မသန်စွမ်းများအား အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြင့် ကူညီစောင့်ရှောက်ပေးမည်။
(၁၀) အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိစေရမည်။
(၁၁) မတရားမှု၊ မမျှတမှုနှင့် အဂတိမှုများကို တိုက်ဖျက်မည်။
(၁၂) အခြေခံကျန်းမာရေး စောင့်ရှောက်မှုစနစ် တိုးချဲ့ဆောင်ရွက်ပေးမည်။
(၁၃) တည်ဆဲဥပဒေများကို လက်ရှိအခြေအနေနှင့် ကိုက်ညီအောင် ပြင်ဆင်ဖြည့်စွက်သွားမည်။
(၁၄) ထာဝရငြိမ်းချမ်းရေး ရရှိအောင်ကြိုးပမ်းဆောင်ရွက်မည်။
(၁၅) ဘဏ္ဍာရေး/ငွေရေးကြေးရေးနှင့် ကုန်သွယ်မှုဆိုင်ရာ စနစ်များအား ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဦးခင်ရီ က "ကျွန်တော်သည် ပညာ၊ သမ္ဘာ၊ အတွေ့အကြုံများပြည့်စုံပြီး နိုင်ငံ့တာဝန်အမျိုးမျိုးကို ကာလရှည်ကြာစွာ ထမ်းဆောင်ခွင့် ရခဲ့သူဖြစ်ပါတယ်။ နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးစီးပွားကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဖော်ဆောင်နိုင်စွမ်းရှိ၍ မဲဆန္ဒရှင်မိဘပြည်သူများက ယုံကြည်စိတ်ချစွာ တာဝန်ပေးအပ်ပါက ပိုမိုခိုင်မာလုံခြုံသော နိုင်ငံတော်ကြီးကို ပြည်သူ နှင့်အတူ လက်တွဲ၍ မလွဲမသွေ စီမံဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း လေးနက်တည်ကြည်စွာ သစ္စာကတိပြုပါတယ်" ဟု ပြောဆိုထားသည်။
ttps://t.me/MyanmarNationalPost








No comments:
Post a Comment