ငွေဆောင်မြို့တွင် ဟိုတယ်ဆိုင်ရာ အရေးပေါ်အခြေအနေတုံ့ပြန်ခြင်း သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ငွေဆောင်မြို့တွင် ဟိုတယ်ဆိုင်ရာ အရေးပေါ်အခြေအနေတုံ့ပြန်ခြင်း သင်တန်းဖွင့်လှစ်




ငွေဆောင်  ၊ အောက်တိုဘာ  ၂၉


ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငွေဆောင်မြို့တွင်   ဧရာဝတီတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနရုံးနှင့် မြန်မာနိုင်ငံဆိုင်ရာဟိုတယ်လုပ်ငန်းရှင်များအသင်း(ငွေဆောင်ဇုန်)တို့ပူးပေါင်းဖွင့်လှစ်မည့် ဟိုတယ်ဆိုင်ရာအရေးပေါ်အခြေအနေတုံ့ပြန်ခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားအား ယမန်နေ့နံနက် ၁၀ နာရီက ယမုံနာဦးဟိုတယ် Ball Room ခန်းမတွင် ကျင်းပသည်။


အခမ်းအနားသို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှူးဦးစီးဌာနညွှန်ကြားရေးမှူး၊ မြို့အုပ်ချုပ်ရေးမှူးနှင့်မြို့အဆင့်ဌာနဆိုင်ရာများ၊ ဟိုတယ်တာဝန်ခံများနှင့်မန်နေဂျာများ၊ သင်တန်းသားများ တက်ရောက်ခဲ့သည်။ အခမ်းအနား၌ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှူးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးအောင်သူဦးမှ အမှာစကားပြောကြားသည်။


အဆိုပါ သင်တန်းအား မီးသတ်ဦးစီးဌာနနှင့် မြန်မာနိုင်ငံကြက်ခြေနီတပ်ဖွဲ့ဝင်များက အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ  ၆ ရက်အထိ ယမုံနာဦးဟိုတယ်တွင် လက်တွေ့သင်ကြား ပြသပေးသွားမည်ဖြစ်ပြီး ဟိုတယ်အသီးသီးမှ သင်တန်းသား(၃၄)ဦး တက်ရောက်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)