အောက်တိုဘာ - ၁၇ ( သောကြာနေ့ )
ယူကရိန်းခေါင်းဆောင် ဇီလန်စကီးက မိုင် ၁၅၀၀ ကျော်ပစ်နိုင်တဲ့ တာလတ်ပစ် တိုမာဟောက်ခရုဇ်ဒုံးကျည်တွေနဲ့ အဲ့ဒိဒုံးတွေကို ပစ်လို့ရမယ့် အမြောက်တွေကို တောင်းဆိုနေပါတယ်။ ယူကရိန်းမြို့တော် ကိယက်ဗ် နဲ့ ရုရှားမြို့တော် မော်စကိုတို့က အဖြောင့်တိုင်းရင် မိုင် ၄၈၀ ဝန်းကျင်လောက်ပဲ ရှိပါတယ်။ တကယ်လို့ တိုမာဟောက်ဒုံးတွေကို အမေရိကန်က ယူကရိန်းကိုလွဲပြောင်းပေးလိုက်မယ်ဆိုရင် တတိယကမ္ဘာစစ်ကို ဖိတ်ခေါ်လိုက်သလိုဖြစ်သွားနိုင်ပါတယ်။
မနေ့ကတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တိုမာဟောက်ဒုံးတွေ ယူကရိန်းကို ပေးလိုက်မယ်ဆိုရင် ပြည်တွင်းမှာ အလုံအလောက် ရှိမှဖြစ်မယ်လို့ ကြေညာခဲ့ပါတယ်။
ရုရှားနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှုတွင် တိုးတက်မှု မရှိဟု ကိုးကားပြီး တောင်းဆိုချက်ကို အတည်ပြုရန် စဉ်းစားနေကြောင်း ထရမ့်က ယခင်က အချက်ပြခဲ့သော်လည်း ယခုအချိန်အထိ တိကျသော အဖြေကို ပေးရန် ငြင်းဆိုထားပါတယ်။
"အမေရိကန်ပြည်ထောင်စုအတွက်လည်း တိုမာဟောက်တွေ လိုအပ်တယ်။ ငါတို့မှာ အများကြီးရှိတယ်၊ ဒါပေမယ့် ငါတို့က အဲဒါတွေကို လိုအပ်တယ်။ ငါဆိုလိုတာက ငါတို့ [ကိုယ်ပိုင်လက်နက်တိုက်] ကို ဖျက်ပြီး မပေးနိုင်ဘူး" လို့ ပြောခဲ့ပါတယ်။
အဲ့ဒိစကားက ရုရှသမ္မတ ဗလာဒီမာပူတင်နှင့် ဖုန်းခေါ်ဆိုပြီး နာရီပိုင်းအကြာတွင် ဘဲဥပုံရုံးတွင် သတင်းထောက်များအား ပြောခဲ့တာပဲ ဖြစ်ပါတယ်။ ဆိုလိုချင်တာက ယူကရိန်းကို တိုမာဟောက်ခရုဇ် ဒုံးတွေ ပို့မယ်ဆိုရင်တောင် အမေရိကန်အတွက်လိုအပ်တာကို ချန်ထားပြီးမှ ပိုမှရောင်းမယ်ဆိုတဲ့ သဘောဖြစ်ပါတယ်။
ထရမ့်က ယူကရိန်းကို တိုမာဟောက်တွေ ရောင်းဖို့ကိစ္စနဲ့ပတ်သက်ပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ဆွေးနွေးထားတယ်လို့ ဆိုပေမဲ့ ရုရှား အစိုးရဘက်ကတော့ အဲ့ဒိကိစ္စကို သိပ်ပြီးသဘောတူချင်ပုံမရပါဘူး။ အမေရိကန်နဲ့ နေတိုးက တိုမာဟောက်တွေကို ယူကရိန်းကို ရောင်းလိုက်ရင် လက်ရှိသွားနေတဲ့ ငြိမ်းချမ်းရေး ကိစ္စတွေ ပျက်ပြားသွားမဲ့ အပြင် ပိုမိုကျယ်ပြန့်တဲ့ ပဋိပက္ခတွေ ဖြစ်လာနိုင်တယ်လို့ ရုရှားပြောရေးဆိုခွင့်ရှိသူ ယူရီယူရှာကော့ဗ် ကပြောသွားပါတယ်။
REF: RT
https://t.me/MyanmarNationalPost

No comments:
Post a Comment