တိုက်ကြီးမြို့နယ်၌ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး One Village One Product (OVOP) အစီအစဉ်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအား ပံ့ပိုးငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုက်ကြီးမြို့နယ်၌ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး One Village One Product (OVOP) အစီအစဉ်ဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအား ပံ့ပိုးငွေပေးအပ်




တိုက်ကြီး  ၊ အောက်တိုဘာ ၁၇


ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ သမဝါယမဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်နေသည့် One Village One Product (OVOP)အစီအစဉ်ဖြင့် ဒေသထွက်ကုန်များဖြစ်သည့် ငါးခြောက်၊ ဝါးခမောက်၊ ဇကောနှင့် ဇကာလုပ်ငန်းဆောင်ရွက်ကြမည့် သမဝါယမအသင်းသားများအား ပံ့ပိုးငွေပေးအပ်ပွဲကို အောက်တိုဘာ ၁၄ ရက်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်သမဝါယမဦးစီးဌာန ရုံးခန်းမ၌ ကျင်းပခဲ့သည်။


ဦးစွာ မြို့နယ်သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအုန်းထွန်းက One Village One Product အစီအစဉ်ဖြင့် လုပ်ငန်းများဆောင်ရွက်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသူအောင်က ကျေးရွာအလိုက်၊ ဒေသအလိုက် ကုန်ထုတ်လုပ်မှုများ တိုးတက်အောင်မြင်ရေး ဝိုင်းဝန်ကြိုးပမ်းဆောင်ရွက်ကြရန် ပြောကြားသည်။


ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသူအောင်က (OVOP) အစီအစဉ်ဖြင့် ငါးခြောက်၊ ဝါးခမောက်၊ ဇကောနှင့် ဇကာလုပ်ငန်း လုပ်ကိုင်သူ သမဝါယမအသင်းသားများအတွက် ပံ့ပိုးငွေကျပ် ၂၀,၁၀၀,၀၀၀ သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ဝတ်ရည်


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)