ဘယ်လာရုစ်တေးဂီတအဖွဲ့၏ ဒုတိယမြောက်တေးဂီတဖျော်ဖြေပွဲကို ပြင်ဦးလွင်မြို့ တပ်မတော်နည်းပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘယ်လာရုစ်တေးဂီတအဖွဲ့၏ ဒုတိယမြောက်တေးဂီတဖျော်ဖြေပွဲကို ပြင်ဦးလွင်မြို့ တပ်မတော်နည်းပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပ


မန္တလေး၊ အောက်တိုဘာ ၇

မြန်မာနိုင်ငံတွင် ရောက်ရှိနေသည့် ဘယ်လာရုစ်တေးဂီတအဖွဲ့၏ ဒုတိယမြောက် ချစ်ကြည်ရေးတေးဂီတဖျော်ဖြေပွဲကို ယမန်နေ့ ညနေပိုင်းက ပြင်ဦးလွင်မြို့ တပ်မတော် နည်းပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

အဆိုပါဖျော်ဖြေပွဲသို့ နယ်မြေခံတပ်နယ်မှ ဗိုလ်ချုပ်စိုးမြတ်ထွဋ်၊ မြန်မာ-ရုရှား ချစ်ကြည်ရေးအသင်းဒုတိယဥက္ကဋ္ဌ Mr.Alex-ander Ostrovskiy နှင့် တာဝန်ရှိသူများ၊ နယ်မြေခံတပ်နယ်မှ အဆင့်မြင့်အရာရှိကြီးများ၊ အရာရှိ၊ အရာခံအကြပ်စစ်သည်များနှင့် မိသားစုများ၊ သင်တန်းသား ဗိုလ်လောင်းများ၊ ဌာနဆိုင်ရာများ၊ ဖိတ်ကြားထာသည့် ဧည့်ပရိသတ် များ တက်ရောက်ကြည့်ရှုအားပေးကြသည်။

အခမ်းအနားတွင် မြန်မာ - ရုရှား ချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ Mr. Alexander Ostrovskiy က မိတ်ဆက်စကား ပြောကြားသည်။

ထို့နောက် ဘယ်လာရုစ် တေးဂီတပညာရှင်နှင့် တေးရေး/တေးဆို Mr. Vladimir Sukolinsky ဦးဆောင်၍ အဆိုရှင်များဖြစ်ကြ သည့် Ms.Nadezhda Bryleva နှင့် Ms. Anzhelika Zaitseva တို့က ရုရှားနှင့်ဘယ်လာရုစ်တို့၏ ရိုးရာမေတ္တာအကြောင်းဖွဲ့ဆိုထားသည့် တေးသီချင်း၊ ဘယ်လာရုစ်နှင့် မြန်မာ (၂၅)နှစ်ပြည့် ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် ရေးဖွဲ့ထားသည့်တေးသီချင်း၊ မြန်မာ့နှစ်သစ်ကူးအတာသင်္ကြန်အကြောင်း ရေးဖွဲ့ထားသည့် တေးသီချင်း၊ သမိုင်းဝင်ပုဂံမြို့အကြောင်း ရေးဖွဲ့ထားသည့် တေးသီချင်းများ၊ ဘယ်လာရုစ်ရိုးရာ တေးသီချင်းများ၊ ကာလပေါ်တေးသီချင်းများ အပါအဝင် စုစုပေါင်း ၁၇ ပုဒ် သီဆို ဖျော်ဖြေခဲ့ကြသည်။

ဖျော်ဖြေပွဲပြီးဆုံးပြီးနောက် နယ်မြေခံတပ်နယ်မှူးနှင့် ဇနီးတို့က ဘယ်လာရုစ်အနုပညာရှင်များအား ဂုဏ်ပြုပန်းခြင်း/ဂုဏ်ပြု လက်ဆောင်များပေးအပ်ကြသည်။

အဆိုပါ ဘယ်လာရုစ် တေးဂီတအဖွဲ့သည် ယမန်နေ့ညနေပိုင်းက မန္တလးမြို့ မြို့တော်ခန်းမတွင် အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ် (မန္တလေး) မှ အနုပညာရှင်များနှင့်ပူးပေါင်း၍ မြန်မာ-ဘယ်လာရုစ် ပူးပေါင်းတေးဂီတဖျော်ဖြေပွဲကိုကျင်းပခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် မန္တလေးတောင်ခြေရှိ မဟာလောက မာရဇိန်ကုသိုလ်တော်ဘုရားနှင့် မန္တလေးတောင်တို့သို့ သွားရောက် လေ့လာခဲ့ကြသည်။

အဆိုပါ ဘယ်လာရုစ်တေးဂီတအဖွဲ့သည် မြန်မာနိုင်ငံတွင်ရောက်ရှိစဉ် နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင်လည်း မြန်မာ-ရုရှား-ဘယ်လာရုစ်သုံးနိုင်ငံ အဆို၊ အကများ ပူးပေါင်း၍ ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။

မြန်မာနှင့် ဘယ်လာရုစ်နှစ်နိုင်ငံတို့သည် အစိုးရချင်း ချစ်ခင်ရင်းနှီးမှုတည်ဆောက်ခြင်းအပြင် နှစ်နိုင်ငံပြည်သူများ ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာစေရန်အတွက် ယခုကဲ့သို့ ယဉ်ကျေးမှုအနုပညာပူးပေါင်း၍ ဖျော်ဖြေတင်ဆက်ခြင်း အစီအစဉ်ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနနှင့် မြန်မာ - ရုရှား ချစ်ကြည်ရေးအသင်းတို့က ပူးပေါင်းစီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)