၂၀၂၅ အောက်တိုဘာ ၁၆ ရက်နေ့ အာဆီယံ သတင်းများ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၅ အောက်တိုဘာ ၁၆ ရက်နေ့ အာဆီယံ သတင်းများ


( ၁ ) လာအိုနိုင်ငံနဲ့ ကမ္ဘောဒီယား စစ်တပ်တွေကထိပ်တန်းအရာရှိကြီးတွေ တွေ့ဆုံပြီး ၂ နိုင်ငံစစ်တပ်တွေ ပူးပေါင်းဆောင်ရွက်မှု အားကောင်းဖို့အရေးဆွေးနွေးခဲ့ကြပါတယ်။ လာအိုပြည်သူ့စစ်တပ် နဲ့ ကမ္ဘောဒီးယား တော်ဝင်စစ်တပ်တို့က နယ်စပ်ဒေသတွေ လုံခြုံရေး နဲ့ စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အတွက် လက်မှတ်တွေ ရေးထိုးခဲ့ကြတယ်လို့ ဗီယန်ကျင်းတိုင်းမ် သတင်းဌာနမှာ ဖော်ပြထားပါတယ်။ 

( ၂ ) လာမယ့် ဒီဇင်ဘာလမှာကျင်းပမယ့် လာအို အမျိုးသားနေ့ ရွှေရတုသဘင်အတွက် ဗီယက်နမ်နိုင်ငံက မီးရှုးမီးပန်းတွေ ၊ ချီတက်ပွဲတွေမှာ သုံးမယ့်ကားတွေ နဲ့ အခြားလိုအပ်တဲ့ပစ္စည်းတွေကို လှူဒါန်မယ်ဆိုပြီး ကတိကဝတ်တွေ ပေးထားတယ်လို့ ဗီယန်ကျင်းတိုင်းမ် သတင်းဌာနက ဖော်ပြထားပါတယ်။ 

( ၃ ) နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC) ရှေ့မှောက်တွင် ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး၏ အမှုနှင့်ပတ်သက်၍ အစိုးရရှေ့နေချုပ် ကာရင်ခန်း ရဲ့အရည်အချင်းကို ငြင်းပယ်ခြင်းက လက်ရှိ စုံစမ်းစစ်ဆေးမှုအပေါ် “သက်ရောက်မှုမရှိ”ဘူးလို့ မနေ့က ပြောခွင့်ရပုဂ္ဂိုလ်က ပြောလိုက်တယ် ဆိုပြီး ဖိလစ်ပိုင်သတင်းအေဂျင်စီက ဖော်ပြခဲ့ပါတယ်။ 

( ၄ ) စင်ကာပူ စထရိတ်တိုင်မ်း သတင်းဌာနက သတင်းတစ်ရပ်မှာ စင်ကာပူမှာ လွန်ခဲ့တဲ့ ၅ နှစ်လောက်ကနေ စပြီး လက်မထပ်ဘဲ မွေးတဲ့ ကလေးက တစ်နှစ်ကို ၇၅၀ လောက်ပုံမှန်ရှိခဲ့တယ်ဆိုပြီး သိရပါတယ်။ 

(၅ ) အမျိုးသားမသန်စွမ်းမှုအာမခံအစီအစဉ်တွင် စာရင်းသွင်းသူများအတွက် ပရီမီယံကြေးပေးရန်နဲ့ အဲ့ဒိအစီအစဉ်ကို ထောက်ပံ့ရမယ့်သူများ ပျက်ကွက်ပါက သတိပေးဖို့အတွက် ဥပဒေတစ်ရပ်ကို မနေ့က စင်ကာပူ လွှတ်တော်အမတ်တွေက အတည်ပြုခဲ့ပါတယ် လို့ စီအန်အေ သတင်းဌာနက ဖော်ပြလိုက်ပါတယ်။ 

( ၆ ) ထိုင်းနိုင်ငံ သည်နေးရှင်း သတင်းဌာနက ထိုင်နိုင်ငံမှာ ဒီပါဝလီပွဲတော်ကို အကြီးအကျယ်ကျင်းပပေးမယ်လို့ ဖော်ပြလိုက်ပါတယ်။ ထိုင်းနိုင်ငံ၏ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ (TAT) က "Amazing Thailand Grand Diwali Festival 2025" ကို အိန္ဒိယနိုင်ငံပြင်ပတွင် အကြီးဆုံး ဒီပါဝလီပွဲတော်ကို ကျင်းပရန် စီစဉ်ထားပါတယ်။ 

( ၇ ) ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာအတွင်းမှာ ဖြစ်ပျက်နေတဲ့ အလွဲလွဲအကွဲကွဲပြဿနာတွေကို လာမယ့် အထွေထွေရွေးကောက်ပွဲ မတိုင်မီ တွင်း ပြီးအောင်ဖြေရှင်းမယ်လို့ လက်ရှိအာဏါရပါတီ BJP ကတိကဝတ် ပြုလိုက်တယ် လို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြထားပါတယ်။ 

( ၈ ) ဗီယက်နမ် အမျိုးသားစက်မှုစွမ်းအင်အဖွဲ့ (ပီထရိုဗီယက်နမ်)က ကမ္ဘာ့ဈေးကွက်တွင် ရေနံစိမ်းဈေး ကျဆင်းနေပေမဲ့ ယခုနှစ် ပထမ ကိုးလအတွင်း ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံ ရရှိခဲ့ကြောင်း ဆိုလိုက်တယ်လို့ ဗီယပ်နမ်ပလက်စ်သတင်းဌာနကဖော်ပြခဲ့ပါတယ်။ ပက်ထရို ဗီယက်နမ်က သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုတို့ကို လက်ခံကျင့်သုံးတာကြောင့် အောင်မြင်ခဲ့တာလို့လည်း ဆိုလိုက်ပါတယ်။ 

( ၉ ) ဗီယက်နမ် အာဏာပိုင်တွေက သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး အဓိကအားဖြင့် စိုက်ပျိုးရေးကဏ္ဍမှ ဖန်လုံအိမ် ဓာတ်ငွေ့ထုတ်လွှတ်မှုကို စောင့်ကြည့်ရန် အမျိုးသား ဖန်လုံအိမ်ဓာတ်ငွေ့ သိုလှောင်မှု ခြောက်ခုကို လုပ်ဆောင်ခဲ့ပါတယ်လို့ ဗီယက်နမ် နယူး သတင်းဌာနက ဖော်ပြခဲ့ပါတယ်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)