မြောက်ဥက္ကလာပ၊ အောက်တိုဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး ၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအ ထွေထွေရွေးကောက်ပွဲအတွက် မဲ ဆန္ဒရှင်စာရင်းများအား ပထမအကြိမ် ကပ်ထားကြေညာခြင်းကို ရပ်ကွက် (၁၉)ခုရှိ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့တွင် ဆက်လက်ကပ်ထား ကြေညာထားလျက်ရှိသည်။
အဆိုပါ မဲစာရင်းများကပ်ထားကြေညာမှုကို မြောက်ဥက္ကလာပမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူ နှင့် အဖွဲ့၀င်များ၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက မဲရုံအလိုက် လိုက်လံကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် ပြည်သူများအနေဖြင့် မဲဆန္ဒရှင်စာရင်းတွင် မပါရှိပါက မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန်နှင့် မိမိအချက် အလက်များ မှားယွင်းနေပါက ပြင်ဆင်ပေးနိုင်ရေး လျှောက်ထားကြလိုကြောင်း ပြောကြားခဲ့သည်။
မြောက်ဥက္ကလာပမြို့နယ်အတွင်း၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် ရပ်ကွက် (၁၉) ရပ်ကွက်ရှိ မဲရုံ (၁၄၀)ရုံရှိကြောင်းနှင့် မဲစာရင်းများကို ကပ်ထားကြေညာထားရှိပြီး မဲပေးပိုင်ခွင့်ရှိသည့် ပြည်သူစုစုပေါင်း (၁၇၈၀၉၂) ဦးရှိကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲထံမှ သိရသည်။
သက်လွင်စိုး
https://t.me/MyanmarNationalPost




No comments:
Post a Comment