မလေးရှားနိုင်ငံတွင် ကျင်းပမည့် ၄၇ ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲကာလအတွင်း တီမောလက်စ်တီနိုင်ငံကို အာဆီယံသို့ ဝင်ခွင့်ကြေညာစာတမ်း လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးကို မလေးရှားနိုင်ငံတွင် အောက်တိုဘာ ၂၆ မှ ၂၈ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီးအာဆီယံနိုင်ငံခေါင်းဆောင်များအားလုံး တက်ရောက်မည်ဖြစ်သည်။ မြန်မာခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်မည် ဖြစ်ပြီး အခြား ကမ္ဘာ့ခေါင်းဆောင်များလည်း ပါဝင်တက်ရောက်မည့် ထိပ်သီးအစည်းအဝေးဖြစ်သည်။
တီမောလက်စ်တီနိုင်ငံသည် NUG အကြမ်းဖက်အဖွဲ့ကို ထောက်ခံရပ်တည်မှုများ ပြုလုပ်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံမှ တီမောလက်စ်တီနိုင်ငံ သံတမန်များကို ပြန်လွှတ်ခဲ့ရသည်အထိ ဖြစ်ပေါ်ခဲ့ပြီး နောက်ပိုင်းတွင် အာဆီယံအဖွဲ့အတွင်း ဝင်ရောက်လိုသည့် တီမောလက်စ်တီနိုင်ငံအနေဖြင့် ပြန်လည်ဆွေးနွေးမှုများ ပြုလုပ်လာခြင်းကြောင့် သံတမန်ရေးရာ ဆက်ဆံမှုများ ပြန်လည်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment