အောက်တိုဘာ - ၂၂ ( ဗုဒ္ဓဟူးနေ့ )
တနင်္လာနေ့က ပြုလုပ်ခဲ့တဲ့ ဟန်ဂေရီ - ဖိလစ်ပိုင် ၂နိုင်ငံ အဆင့်မြင့် အရာရှိများတွေ့ဆုံပွဲမှာ ဟန်ဂေရီရှိ ဖိလစ်ပိုင်လူမျိုးများက ဟန်ဂေရီနိုင်ငံရဲ့ လုပ်သားအင်အားထဲမှာ အယုံကြည်ရဆုံး နဲ့ တန်ဖိုးအရှိဆုံး လုပ်သားတွေ ဖြစ်တယ်လို့ ဟန်ဂေရီရွှေ့ပြောင်းအလုပ်သမားရေးရာ အတွင်းရေးမှူး ဟန်လီယိုစစ်ဒက် က ပြောကြားခဲ့ပါတယ်။
ဟန်ဂေရီ အလုပ်ရှင်များက ဖိလစ်ပိုင် အလုပ်သမားများအား ၎င်းတို့ရဲ့ ကျွမ်းကျင်မှု၊ ရိုးသားမှုနှင့် ခိုင်မာသော အလုပ်ကျင့်ဝတ်တို့အတွက် ချီးကျူးကြောင်း ရွှေ့ပြောင်းအလုပ်သမားများဌာနက ပြောကြားခဲ့ပါတယ်။
ဟန်ဂေရီမြို့တော် ဘူဒါပက်စ်မှာ ဖိလစ်ပိုင် အရာရှိများနဲ့ တွေ့ဆုံတဲ့ ပွဲမှာ ပြည်ထဲရေးဝန်ကြီးက ဟန်ဂေရီတွင် ဖိလစ်ပိုင်အလုပ်သမား ၁၄,၀၀၀ ခန့်ရှိကြောင်း မှတ်ချက်ပြုခဲ့ပြီး ဟန်ဂေရီလူ့အဖွဲ့အစည်း နဲ့ ဖိလစ်ပိုင် လုပ်သားအင်အားစုတွေက အပြုသဘောဆောင်သော ပံ့ပိုးမှုများ ရှိနေတယ်လို့ ဆိုခဲ့ပါတယ်။ ဖိလစ်ပိုင်သားတွေ အတွက် ဟန်ဂေရီက ပြည်ဝင်ခွင့်ကို အထူးခြွင်းချက်အဖြစ် ထားရှိကြောင်းလည်း ဆိုပါတယ်။ "ဖိလစ်ပိုင်နိုင်ငံသားတွေ ပေးဆောင်တဲ့ အရည်အသွေးမြင့် ဝန်ဆောင်မှုများနဲ့ ဥပဒေလိုက်နာမှုများက သူတို့ သက်သေပြထားသော မှတ်တမ်းတွေကြောင့် ကျနော်တို့က ကောင်းမွန်သော ဆုံးဖြတ်ချက်တစ်ရပ်ကို ချနိုင်ခဲ့ပါတယ်” လို့ ၎င်းကဆိုပါတယ်။
REF: PNA
https://t.me/MyanmarNationalPost

No comments:
Post a Comment