ဂျပန်ဝန်ကြီးချုပ်သစ် တာကိုင်ချီ ထံကို ထိုင်ဝမ်သမ္မတက ချီးကျူးဂုဏ်ပြု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂျပန်ဝန်ကြီးချုပ်သစ် တာကိုင်ချီ ထံကို ထိုင်ဝမ်သမ္မတက ချီးကျူးဂုဏ်ပြု



အောက်တိုဘာ - ၂၂ ( ဗုဒ္ဓဟူးနေ့ ) 

ထိုင်ဝမ် သမ္မတ လိုင်ချင်တီက  ထိုင်ဝမ်အစိုးရနဲ့ ထိုင်ဝမ်ပြည်သူများကိုယ်စား ဂျပန်နိုင်ငံရဲ့ ၁၀၄ ကြိမ်မြောက် ဝန်ကြီးချုပ်အဖြစ် ရွေးချယ်တင်မြှောက်ခံရသော ဆန်နေး တာကိုင်ချီ  အား အောက်တိုဘာ ၂၁ ရက်က ချီးကျူး ဂုဏ်ပြုလွှာ ပေးအပ်ခဲ့ပါတယ်။ 

 သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာ လိုင် က တာကိုင်ချီ  ဦးဆောင်တဲ့ အစိုးရသစ်အား အောင်မြင်ပါစေကြောင်း ဆန္ဒပြုခဲ့ပြီး ထိုင်ဝမ် နဲ့ ဂျပန်နိုင်ငံတို့ရဲ့ နှစ်နိုင်ငံပြည်သူများ၏ သာယာဝပြောရေး တိုးတက်စေရန် အတူတကွ ပူးပေါင်းဆောင်ရွက်ရင်း ချစ်ကြည်ရင်းနှီးမှု ဆက်လက်တိုးမြှင့်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပါရှိပါတယ်။ 

ဂျပန် လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ ( LDP ) ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ တာကိုင်ချီက ထိုင်ဝမ်နဲ့ အဆက်အသွယ်ကောင်းတွေ ရှိနေပါတယ်။ စီးပွားရေးနှင့် ကုန်သွယ်မှု၊ ဘေးအန္တရာယ် ကာကွယ်ရေး၊ လုံခြုံရေး အာမခံချက်နှင့် နည်းပညာများ ဆိုင်ရာ ဒေသများတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးချဲ့ရန်နှင့် အားကောင်းလာစေရန် မျှော်လင့်ကြောင်း ဆိုပါတယ်။ 

 ဂျပန်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဆန်နေးတာကိုင်ချီ က ကျားမရေးရာ အခန်းကဏ္ဍတွေမှာ ရှေးရိုးစွဲ အယူအဆရှိပေမဲ့ ပွင့်လင်းမြင်သာမှုကိုလည်း ကြိုက်တဲ့သူလည်းဖြစ်ပါတယ်။  အသက် ၆၄ နှစ်အရွယ် တာကိုင်ချီက "ဂျပန်၏ရှေးရိုးစွဲ LDP တွင်ရှေးရိုးစွဲအရှိဆုံးလူတစ်ဦးဖြစ်တယ်"လို့ ဂျပန်နိုင်ငံ ကန်ဒါတက္ကသိုလ်မှ အပြည်ပြည်ဆိုင်ရာလေ့လာရေးဌာနမှ ကထိက ဂျက်ဖရီဟော ကို ဆိုပါတယ်။ 


REF: Taiwan today

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)