အောက်တိုဘာ - ၁၃ ( တနင်္လာနေ့ )
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရုတ်နိုင်ငံမှ ကုန်ပစ္စည်းများအပေါ် ၁၀၀% စည်းကြပ်ခွန်ကောက်မယ်လို့ ခြိမ်းခြောက်မှုအပေါ် ကောင်းမွန်စွာ လက်တုံ့ပြန်မှာပါလို့ တရုတ်က ကတိပြုပြီး နောက်ပိုင်းမှာ ကမ္ဘာ့စီးပွားရေး အင်အားကြီး၂နိုင်ငံကြားမှာ ကုန်သွယ်မှုဆက်ဆံရေး ပိုမိုတင်းမာလာပါတယ်။
“အမေရိကန်က လမ်းမှားကို လျှောက်ဖို့ တွန်းအားပေးနေတယ်ဆိုရင်တော့ တရုတ်နိုင်ငံဟာ သူ့ရဲ့တရားဝင်အခွင့်အရေးနဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့ ပြတ်ပြတ်သားသား အရေးယူသွားမှာ သေချာပါတယ်”လို့ တရုတ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက တနင်္ဂနွေနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဝါရှင်တန်နဲ့ ဘေဂျင်းတို့မှ ကိုယ်စားလှယ်များသည် ပြီးခဲ့သောလက ဘေဂျင်းတွင် ကုန်သွယ်ရေး ဆွေးနွေးပွဲ ပြုလုပ်ပြီးနောက် ယခုလအတွင်း တောင်ကိုရီးယား၌ ညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်ကြမှာပါ။ ဒါပေမဲ့ တောင်ကိုရီးယားမှာ ပြုလုပ်မယ့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး ဖိုရမ်ရဲ့ ဘေးဘက် ဆွေးနွေးမှုက လုပ်/ မလုပ် ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး ကတော့ တရုတ်ကုန်ပစ္စည်းတွေအပေါ် ထပ်ခါတလဲလဲ စည်းကြပ်ခွန်တွေ ချမှတ်နေတဲ့ ထရမ့်အစိုးရလက်ထက်မှာ တရုတ် - အမေရိကန်နဲ့ ကုန်သွယ်ရေး ဆက်ဆံရေး ယိုယွင်းလာနေပြီလို့ ဆိုပါတယ်။ ပြီးခဲ့သည့် သီတင်းပတ်နှောင်းပိုင်းက ဘေဂျင်းအစိုးရရဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အမေရိကန်ကို တင်ပို့နေတဲ့ မြေရှားသတ္တုတင်ပို့မှုကို ကန့်သတ်လိုက်ပါတယ်။ တုံ့ပြန်မှုအနေနဲ့ ထရမ့်ကလည်း တရုတ်ရဲ့ သွင်းကုန်တိုင်းကို ၁၀၀% စည်းကြပ်မယ်လို့ သူ့ရဲ့ ထရုသ်ဆိုရှယ်မီဒီယာမှာ ရေးတင်ခဲ့ပါတယ်။ လက်ရှိမှာတော့ တရုတ်နိုင်ငံမှ သွင်းကုန်များကို အခွန် ၃၀ ရာခိုင်နှုန်း ကောက်ခံလျက်ရှိပြီး ၁၀၀% ကောက်ခံဖို့ကိစ္စကို နိုဝင်ဘာ ၁ ရက်နေ့မှာ စပြီး အကြုံးဝင်မယ်လို့ ဆိုထားပါတယ်။
REF: UPI
https://t.me/MyanmarNationalPost



No comments:
Post a Comment