ပုဇွန်တောင်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများစာရင်းအား ရပ်ကွက်များအလိုက် ကပ်ထား ကြေညာထားရှိမှုများအား ကွင်းဆင်းကြည့်ရှု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဇွန်တောင်မြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများစာရင်းအား ရပ်ကွက်များအလိုက် ကပ်ထား ကြေညာထားရှိမှုများအား ကွင်းဆင်းကြည့်ရှု





ပုဇွန်တောင်၊ အောက်တိုဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံအထွေထွေရွေးကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင် စာရင်းများ ကြေညာထားရှိမှုနှင့်ပတ်သတ်၍ မဲဆန္ဒရှင်ပြည်သူများစာရင်းအား ရပ်ကွက်များ အလိုက် ကပ်ထားကြေညာထားရှိမှုကို ယမန်နေ့နံနက်ပိုင်း၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ် ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့် အဖွဲ့၀င်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်သန်းနှင့်အဖွဲ့၀င်များ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများနှင့် ကွင်းဆင်းကြည့်ရှုခဲ့ကြသည်။

မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မိမိတို့၏ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန်၊ ဆန္ဒမဲပေးနိုင်ရန်၊ မဲစာရင်းတွင် မိမိအမည်မပါဝင်ပါက ပုံစံ(၃)ဖြင့်  အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လိုအပ်သောပုံစံများကိုလည်း သက်ဆိုင်ရာရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အခမဲ့ထုတ်ယူ နိုင်ပြီး ပထမအကြိမ် မဲဆန္ဒရှင်စာရင်းများကို ပုဇွန်တောင်မြို့နယ်အတွင်းရှိ  ရပ်ကွက်‌(၁၀) ရပ်ကွက်အတွင်းရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် အောက်တိုဘာ ၁၄ ရက်‌နေ့မှ ၂၀ ရက်နေ့အထိ ကပ်ထားကြေညာထားမည်ဖြစ်ကြောင်းနှင့် မဲဆန္ဒရှင်စာရင်းများ လာရောက် ကြည့်ရှုနိုင်ကြောင်း သိရသည်။


ဟန်စုယဉ်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)