တောင်ကိုရီးယားက ကမ္ဘောဒီးယားမှာ စုံစမ်းရေး ရဲဌာနတစ်ခုဖွင့်မယ်လို့ဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကိုရီးယားက ကမ္ဘောဒီးယားမှာ စုံစမ်းရေး ရဲဌာနတစ်ခုဖွင့်မယ်လို့ဆို



အောက်တိုဘာ - ၁၃ ( တနင်္လာနေ့ ) 

ကမ္ဘောဒီးယားနိုင်ငံမှာ လာရောက်အလုပ်လုပ်ကိုင်နေတဲ့ တောင်ကိုရီးယားသားတွေကို အလုပ်အကိုင် လိမ်ညာမှုတွေ နဲ့ ပြန်ပေးဆွဲမှုတွေ ဖြစ်နေတာကြောင့် အဲ့ဒါတွေကို တုန့်ပြန်ဖို့အတွက် တောင်ကိုရီးယား အမျိုးသားရဲ အေဂျင်စီက ကမ္ဘောဒီးယားမှာ "Korean Desk" ကို ဖွင့်လှစ်မယ်လို့ တနင်္ဂနွေနေ့က ကြေညာခဲ့ပါတယ်။

ယခုလနှောင်းပိုင်းတွင် ပြုလုပ်မယ့် နိုင်ငံတကာရဲထိပ်သီးအစည်းအဝေးရဲ့ ဘေးဘက်တွေ့ဆုံမှုအဖြစ်  ယာယီရဲချုပ် ယိုဂျေဆောင် က ဆိုးလ်မြို့တွင် ကမ္ဘောဒီးယားနိုင်ငံမှ အဆင့်မြင့်ရဲအရာရှိများနဲ့ တွေ့ဆုံမှာပဲ ဖြစ်ပါတယ်။ 

အဆိုပါအစည်းအဝေးတွင် တောင်ကိုရီးယားရဲအရာရှိများကို ကမ္ဘောဒီးယားသို့ စေလွှတ်နိုင်စေမယ့် နှစ်နိုင်ငံကြား သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။ တောင်ကိုရီးယားသည် ယခင်က ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့တွင် ရဲဌာနများ ထားရှိခဲ့ပါတယ်။ 

တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ချိုဟွန်းသည် ကမ္ဘောဒီးယားသံအမတ်ကြီး အား သောကြာနေ့တွင် ဆင့်ခေါ်ခဲ့ပြီး ကမ္ဘောဒီးယားတွင် တောင်ကိုရီးယားနိုင်ငံသားများအား အလုပ်အကိုင်အလိမ်အညာများ ဆက်လက်ဖြစ်ပွားနေမှုနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း ပြောကြားခဲ့တယ်လို့ တောင်ကိုရီးယား နိုင်ငံခြားရေးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ 


REF: UPI

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)