ခေတ္တပြည်နယ်ဝန်ကြီးချုပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး မွန်ပြည်နယ် မော်လမြိုင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ခေတ္တပြည်နယ်ဝန်ကြီးချုပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး မွန်ပြည်နယ် မော်လမြိုင်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားတက်ရောက်




မော်လမြိုင် ၊ အောက်တိုဘာ ၁၃


၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၃ ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အခမ်းအနားတွင် မွန်ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ခေတ္တပြည်နယ်ဝန်ကြီးချုပ် လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး၊ ဗိုလ်မှူးကြီး ကျော်စွာမြင့်က သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်နေမှုများ လျော့ပါးစေရန်ထက် သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုများကို လျော့နည်း စေရန် ဆောင်ရွက်ပေးခြင်းက ပိုမိုထိရောက်စေနိုင်ကြောင်း၊ မွန်ပြည်နယ်အနေဖြင့် ဆိုင်ကလုန်းမုန်တိုင်း(မိုခါ)၊ ရာဂီမုန်တိုင်း ဝင်ရောက်တိုက်ခိုက်ခြင်းနှင့် မန္တလေးငလျင်ဘေး အန္တရာယ်တို့အတွက် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့သည့် ဒေသများအတွက် အလှူငွေများ ထောက်ပံ့လှူဒါန်းပေးနိုင်ခဲ့ကြောင်း၊ သဘာဝဘေးအန္တရာယ်များရဲ့ဖြစ်ပွားမှု အကြိမ် များလာမှုနှင့် ပိုမိုပြင်းထန်သော စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်း ဆောင်ရွက်ရာမှာ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ ဒေသခံများအားလုံး ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ကြောင်းနှင့် ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေး အတွက် အားလုံးဝိုင်းဝန်းကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်ပေးကြရန် တိုက်တွန်း လိုကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။


ထို့နောက် ခေတ္တပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာသတင်းစကားရုပ်သံ (Video Message)အား လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက် ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့အထိမ်းအမှတ် Video Clip အားလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၏ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်း Video Clip အား ပြသနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။


ဆက်လက်၍ ခေတ္တပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်တာဝန်ရှိသူများက တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြပြီး ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အထိမ်းအမှတ် မွန်ပြည်နယ်အတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေး ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံပြပွဲအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။


စည်သူ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)